ဆုဖလားပြိုင်ပွဲအရှိန်တက်နေချိန်မှာ လျင်မြန်သွက်လက်တဲ့ကစားသမားကို သုံးဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာနဲ့ နောက်ဆုံးရသတင်းများ
-အာဆင်နယ်ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုဟာ မြောက်လန်ဒန်ကို မပြောင်းရွှေ့မီ ယူကရိန်းရှေ့တန်းကို သွားရောက်ပူးပေါင်းဖို့ စဉ်းစားခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ “ခင်ဗျားရဲ့ နိုင်ငံ အတိုက်ခိုက်ခံနေရချိန်မှာ ဒီတိုင်းလက်ပိုက်ကြည့်နေလို့မရနိုင်ပါဘူး။ ယူကရိန်းက ပြည်သူတွေဟာ သူတို့ရဲ့အသက်အတွက် တိုက်ပွဲဝင်နေကြတယ်။ ကျွန်တော် ရှေ့တန်းကို စစ်သားအနေနဲ့ သွားပြီး ကူတိုက်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် ပလက်ဖောင်းကို စစ်ပွဲကို အလှူငွေထည့်ဝင်ပြီး မတူညီတဲ့နည်းလမ်းနဲ့ တိုက်ပွဲဝင်ဖို့အတွက် ကူညီဖို့ အသုံးပြုနိုင်ပြီး ယူကရိန်းက အခြေအနေတွေအပေါ်မှာ ဆက်ပြီး အာရုံစိုက်နေပါတယ်။ ကျွန်တော် ယူကရိန်းကို ကူညီဖို့ လူတွေကို လှုံ့ဆော်ပေးချင်ပါတယ်။ လူပိုသိလာအောင် လုပ်ဆောင်ပေးပြီး ဒီစစ်ပွဲမှာ ကျွန်တော့်နိုင်ငံကို ကူညီပေးနိုင်ဖို့ အရာအားလုံးလုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အာဆင်နယ်ဟာ လီဗာပူးလ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုကို ဆက်လက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ယုံကြည်ချက်ရှိနေပြီး အာတီတာကို အန်းဖီးမှာ ရုန်းကန်နေရတဲ့ ကြိုးကြာနီတွေကို တိုက်ခိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။
“လီဗာပူးလ်ရဲ့ မန်စီးတီးနဲ့ပွဲက စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းတယ်။ ချန်ပီယံဟောင်းကြီးက ကြိုးဝိုင်းထဲကို ပြန်ဝင်လာသလိုမျိုး ခံစားခဲ့ရလို့ပါ။ အချီတော်တော်များများ ထိုးသတ်မယ့်ပုံပေါ်ပေမယ့်လည်း ပထမဆုံး ထိုးချက်မှာတင် မှောက်သွာခဲ့တယ်။ မန်စီးတီးက သူတို့ကို လုပ်ချင်တာလုပ်ခဲ့ပြီး လီဗာပူးလ်အတွက် အဆုံးမှာတော့ တော်တော်လေး အရှက်ရစရာကောင်းခဲ့တ်ယ။ အာဆင်နယ်က လီဗာပူးလ်ကို ပြဿနာဖြစ်စေနိုင်တဲ့ အင်အားနဲ့ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။ အန်းဖီးမှာ ကျွန်တော်တို့ အဲဒါကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်လဲဆိုတာ မေးရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့ အဲဒီမှာ လုပ်ခဲ့တာ ကြာပြီမဟုတ်တဲ့အရာမို့လို့ပါ”
“ကျွန်တော်တို့ ခင်ဗျား လိုအပ်တဲ့ ဖိအားကို ထိန်းထားနိုင်မလား။ အဲဒါဆိုရင် လီဗာပူးလ်က တဒိုင်းဒိုင်း ထိုးဖောက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါက ကျွန်တော် မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေတဲ့အရာပါ။ ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်ရင် ကျွန်တော် စပြီးတော့ အရမ်းစိတ်လှုပ်ရှားမိမှာပါ။ ဒီပွဲက ဆုဖလားပြိုင်ပွဲမှာ ကြီးမားတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ကျွန်တော် စိတ်လှုပ်ရှားမိမှာပါ။ အာဆင်နယ်က လုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အာဆင်နယ်လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်”
“ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။ ကျွန်တော် အဲဒီပွဲစဉ်က အသံတွေကိုတောင် ခံစားမိနေပါပြီ။ လီဗာပူးလ်မှာ ဖြစ်နေတာတွေနဲ့ဆိုရင် အခုက သူတို့ကို တိုက်ခိုက်ဖို့နဲ့ မေးခွန်းအချို့ကို ဖြေခိုင်းဖို့ အချိန်ပါပဲ။ လီဗာပူးလ်က သူတို့ရှိရမယ့် အဆင့်အတန်းမှာ မရှိရင် ကျွန်တော်တို့ အဲဒီပွဲမှာ အနိုင်ရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ဂိုးတွေတောင် အများကြီး သွင်းယူနိုင်ပါလိမ့်မယ်။ အဲဒါကို ကျွန်တော် စိတ်လှုပ်ရှားနေမိတာပါ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းကို နှစ်သက်မိပြီး ကျွန်တော်တို့ အဲဒီကိုသွားပြီး ပြီးခဲ့တဲ့ လတွေအတွင်း လုပ်နေခဲ့တာတွေကို လုပ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
-ဆဲလ်တစ် နည်းပြဟောင်း နေးလ် လန်နွန်က အာတီတာအနေနဲ့ ကီရန် တီယာနီအပေါ်မှာ ပိုပြီးတော့ အားထားသင့်တယ်လို့ ယုံကြည်နေပြီး အာဆင်နယ်ဟာ အခြားပြိုင်ပွဲတွေ ကစားဖို့မရှိတာကြောင့် အလှည့်ကျပွဲထုတ်စရာမလိုအပ်ပေမယ့် ဇင်ချန်ကို ကို အနားပေးပြီး ခံစစ်ပိုင်း ပိုအားသန်တဲ့ တီယာနီကို အသုံးပြုသင့်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“သူ့ကို အခုကနေ ရာသီကုန်တဲ့အထိ အသုံးပြုရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူက မီခေးလ်ရဲ့ အစီအစဉ်ထဲမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ကစားသွားရမယ်လို့ ထင်တယ်။ သူ စပိန်နဲ့ပွဲမှာ စကော့တလန်အတွက် ဗဟိုခံစစ်ဘယ်ခြမ်းမှာ ကစားတာကို ကျွန်တော် ကြည့်ခဲ့တယ်။ သူက အရမ်းကောင်းမွန်ခဲ့တယ်။ သူက ပြီးခဲ့တဲ့နှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အရမ်းကောင်းတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ပွဲကောင်းတွေ ဆက်တိုက်ရရှိနိုင်မယ်လို့ ခင်ဗျား မျှော်လင့်မိမှာပါ”
“သူက ထိပ်တန်းနောက်ခံလူလို့ ကျွန်တော် တကယ်ထင်မိပြီး အာဆင်နယ်က ရာသီကုန်နဲ့ နီးလာလေ သူ ကစားရမယ့် အခန်းကဏ္ဍက ပိုများလာလေလို့ ထင်တယ်။ ကျွန်တော် ဇင်ချန်ကို ကို နှစ်သက်ပြီး သူက အံ့မခန်းကစားသမားတစ်ယောက်လို့ ထင်တယ်။ ဒါပေမယ့် သူက ကီရန်လောက် ကောင်းတဲ့ နောက်ခံလူလို့တော့ မထင်ပါဘူး။ သူက အစ်တီဟတ်မှာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ကစားရဖွယ်ရှိတယ်လို့ ကျွန်တာ် ထင်တယ်။ သူက ဇင်ချန်ကိုလောက်တော့ ကျဉ်းထဲကြပ်ထဲမှာ ဘောလုံးကို ကိုင်တွယ်နိင်တဲ့သူမဟုတ်ပေမယ့် အသင်းကို ပြိုင်ဘက်ကွင်းဘက်ခြမ်းကို တွန်းပို့ပေးနိုင်တဲ့ သွက်လက်တဲ့ ကစားသမားပါ။ ဒါပေမယ့် သူက အာတီတာနဲ့ အာဆင်နယ်အတွက် လုပ်ပေးစရာတွေ အများကြီး ကျန်နေသေးတဲ့ အရမ်းကောင်းတဲ့ နောက်ခံလူဖြစ်ပြီး သူ့စိတ်ထဲမှာလည်း အဲဒါက ကျိန်းသေပေါက်ရှိနေပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။
-မိုက်ကယ် အိုဝင်က အာဆင်နယ်ရဲ့ ပစ်မှတ် ဘရိုက်တန်ကြယ်ပွင့် မိတိုမာက ပရီးမီးယားလိဂ်မှာ အလိမ်အခေါက်အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ၂၀၂၁ ခုနှစ်တုန်းက ဥရောပမှာ တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားဖူးခြင်းမရှိဘဲ ကမ္ဘာပေါ်က လူသိပ်မသိတဲ့လိဂ်က အသင်းတွေမှာ လူမသိသူမသိကစားခဲ့ရပေမယ့် လက်ရှိမှာတော့ မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့လို အသင်းတွေရဲ့ နှစ်သက်ခြင်းကို ခံနေရပြီဖြစ်ပါတယ်။ “သူက လက်တွေ့စမ်းသပ်ချက်တွေမှာ ကျိန်းသေပေါက် အောင်မြင်ခဲ့ပါတယ်(မိတိုမာရဲ့ အလိမ်အခေါက်မှာ ကျမ်းပြုစုခဲ့တာကို ဆိုလို)။ ကျွန်တော် ပြောချင်တာက သူက အခုအချိန်မှာ ပရီးမီးယားလိဂ်က အကောင်းဆုံးအလိမ်အခေါက်သမားတွေထဲက တစ်ဦးပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet