ရိုမာနို ပြောတဲ့ ဆာကာ၊ ဆာလီဘာနဲ့ အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ် coyg

ရိုမာနို ပြောတဲ့ ဆာကာ၊ ဆာလီဘာနဲ့ အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်၊ ဆာကာနဲ့ ဆာလီဘာတို့ရဲ့ စာချုပ်သစ် ကိစ္စနောက်ဆုံးပြောဆိုဆွေးနွေးမှုအခြေအနေတွေကို CBS နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ပါတယ်။

ဆာကာရဲ့ စာချုပ်သစ် အခြေအနေ

ဘူကာယို ဆာကာက သိပ်မကြာခင်မှာပဲ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ပါလိမ့်မယ်။ အားလုံးက သဘောတူညီမှုရခဲ့ပြီးပြီဖြစ်ပြီး ကျွန်တော်ပြောတာ ယုံပါ။ ဒါက ကစားသမားသစ်ခေါ်ယူမှုလိုမျိုး ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ ၂၀၂၄ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မယ့် ဆာကာလိုမျိုး ကစားသမားရှိနေတဲ့အခါမှာ ဒါက အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေလို့ပါ။ အာဆင်နယ်ကကစားသမားကို ထိန်းသိမ်းဖို့ သူတို့ရဲ့ မဟာဗျူဟာမှာ ပြီးပြည့်စုံခဲ့တဲ့အတွက် စာချုပ်သစ်က တကယ်ကို အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာမှာပါ။

ဆာလီဘာရဲ့ စာချုပ်သစ်အခြေအနေ

ဝီလီယံ ဆာလီဘာရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့အတွက် သိပ်မကြာခင်မှာ ပြောဆိုဆွေးနွေးမှုတွေ ပိုရှိလာပါလိမ့်မယ်။ သူ့ရဲ့ အေးဂျင့်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်နေပြီး သိပ်မကြာခင် ပိုပြီးတော့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။ အဲဒီတော့ သူတို့မှာရှိနေတဲ့ ကစားသမားကို ထိန်းသိမ်းဖို့နဲ့ ပြီးရင် နွေရာသီအတွက် အစီအစဉ်ဆွဲဖို့က အာဆင်နယ်အတွက် မစ်ရှင်ပဲ။

နွေရာသီအပြောင်းအရွှေ့စျေးကွက်အခြေအနေ

အဲဒါက အာဆင်နယ်အတွက် အလုပ်ရှုပ်တဲ့နွေရာသီဖြစ်လာတော့မယ်လို့ ကျွန်တော်ထင်တယ်။ သူတို့တွေ စီမံကိန်းရဲ့ နောက်တဆင့်ကို သွားဖို့ ကြိုးပမ်းမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ကစားသမားတွေကို ခေါ်ယူသွားမှာပါ။ သူတို့တွေက ပြီးခဲ့တဲ့နှစ်တွေမှာ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ခဲ့ပေမယ့် အခုက သူတို့တွေ အရေးကြီးတဲ့ကစားသမား ၂ ဦး၊ ၃ ဦးလောက်ကို ခေါ်ယူချင်နေတာဖြစ်နိုင်ပါတယ်။ သူတို့တွေ ဘာအစီအစဉ်ဆွဲသွားမလဲဆိုတာ ကြည့်ကြတာပေါ့။ ကျွန်တော် သေချာတာကတော့ ကွင်းလယ်ကစားသမား၊ တိုက်စစ်ကစားသမားနဲ့ နောက်ခံတောင်ပံကစားသမားတွေအတွက် စျေးကွက်ထဲမှာ အာဆင်နယ် ဝင်ရောက်နိုင်ပါတယ်။ ဒါပေမယ့် အခုတော့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေပါတယ်။

Arsenal Myanmar

Ref: Internet