ဂန်းနားကြယ်ပွင့်က နည်းပြတွေကို သင်ခန်းစာ သင်ကြားပေးခဲ့တယ်လို့ ချီးကျူးလိုက်တဲ့ အာတီတာ
မီခဲလ် အာတီတာက ရိစ် နယ်လ်ဆန်ဟာ စနေနေ့မှာ အာဆင်နယ်အသင်းကို နောက်ထပ် အံ့အားသင့်ဖွယ်နိုင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် နောက်ထပ်အဆင့်တစ်ခုမှာ ရှိနေပြီလို့ ပြောကြားခဲ့ပြီး အခြားပွဲစဉ်တွေမှာ အသုံးမပြုခဲ့တဲနောက် ၎င်းကို သင်ခန်းစာအချို့ သင်ကြားပေးခဲ့တယ်လို ပြောကြားခဲ့ပါတယ်။
နယ်လ်ဆန်ဟာ အာဆင်နယ် သမိုင်းမှာ ၎င်းရဲ့ နာမည်ကို ရေးထိုးနိုင်ခဲ့တာ ဖြစ်ပြီး ဂန်းနားတွေကို ဒုတိယပိုင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် ဘုန်းမောက်ကို ထူးခြားတဲ့နိုင်ပွဲ ရရှိစေမယ့် အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နယ်လ်ဆန်ဟာ သိသာထင်ရှားတဲ့ အရည်အချင်းရှိနေပေမယ့်လည်း နောက်ကွယ်က သူရဲကောင်းတစ်ဦးလိုမျိုး ခံစားခဲ့ရတာဖြစ်ပြီး စနေနေ့မတိုင်ခင် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာ ပါဝင်ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စမစ် ရိုးက အစောပိုင်းမှာ လူစားဝင်ကစားခဲ့တာကြောင့် အာတီတာဟာ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ နောက်ဆုံး မိနစ် ၂၀ မှာ အကျိုးသက်ရောက်မှုရှိကြောင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တကယ်တော့ အာတီတာဟာ လက်ရှိမှာ ရိစ် နယ်လ်ဆန်ကို ဒီထက်ပိုပြီး အသုံးမပြုခဲ့တာက မှားယွင်းခဲ့တယ်လို့ ထင်မြင်နေပြီဖြစ်ပုံပေါ်ပြီး ဘုန်းမောက်နဲ့ပွဲစဉ်က လူစားဝင်ကစားပေးခဲ့တဲ့ ခြေစွမ်းကို ချီးကျူးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အမြဲတမ်း အဲဒါကို လုပ်ဖို့ သူ့ဆီမှာ အလားအလာ၊ အရည်အချင်းနဲ့ စိတ်ဆန္ဒကို မြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူက မတူညီတဲ့အဆင့်အတန်းမှာ ရှိနေပါပြီ။ စိတ်ခံစားမှုနဲ့ အတွေ့အကြုံတွေက သူ့ကို အကူအညီပေးခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဘောလုံးအပိုင်းကနေ ပြောရရင် နောက်ဆုံး ၂ ပွဲမှာ သူ့ကို မကစားစေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာတွေ ရှိနေခဲ့လို့ပါ။ ဒါပေမယ့် သူက တံခါးလာခေါက်ခဲ့ပြီး သူက တကယ်ကောင်းကောင်း လေ့ကျင့်နေခဲ့ပါတယ်”
“အဲဒါက ကျွန်တော့်အတွက်၊ နည်းပြတွေအတွက် ကောင်းမွန်တဲ့သင်ခန်းစာဖြစ်ပြီး ကျွန်တော်တို့ သူ့ကို လိုအပ်တယ်။ သူက တကယ်ကို အသင်းအတွက် အရေးပါတဲ့သူဖြစ်နိုင်တယ်ဆိုတာ သင်ကြားပေးသွားခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
မီခဲလ္ အာတီတာက ရိစ္ နယ္လ္ဆန္ဟာ စေနေန႔မွာ အာဆင္နယ္အသင္းကို ေနာက္ထပ္ အံ့အားသင့္ဖြယ္ႏိုင္ပြဲရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္အဆင့္တစ္ခုမွာ ရွိေနၿပီလို႔ ေျပာၾကားခဲ့ၿပီး အျခားပြဲစဥ္ေတြမွာ အသုံးမျပဳခဲ့တဲေနာက္ ၎ကို သင္ခန္းစာအခ်ိဳ႕ သင္ၾကားေပးခဲ့တယ္လို ေျပာၾကားခဲ့ပါတယ္။
နယ္လ္ဆန္ဟာ အာဆင္နယ္ သမိုင္းမွာ ၎ရဲ႕ နာမည္ကို ေရးထိုးႏိုင္ခဲ့တာ ျဖစ္ၿပီး ဂန္းနားေတြကို ဒုတိယပိုင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီးေနာက္ ဘုန္းေမာက္ကို ထူးျခားတဲ့ႏိုင္ပြဲ ရရွိေစမယ့္ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ နယ္လ္ဆန္ဟာ သိသာထင္ရွားတဲ့ အရည္အခ်င္းရွိေနေပမယ့္လည္း ေနာက္ကြယ္က သူရဲေကာင္းတစ္ဦးလိုမ်ိဳး ခံစားခဲ့ရတာျဖစ္ၿပီး စေနေန႔မတိုင္ခင္ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲသာ ပါဝင္ကစားေပးခဲ့ရတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း စမစ္ ႐ိုးက အေစာပိုင္းမွာ လူစားဝင္ကစားခဲ့တာေၾကာင့္ အာတီတာဟာ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို အခြင့္အေရးေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အဲဒီ ဆုံးျဖတ္ခ်က္ဟာ ေနာက္ဆုံး မိနစ္ ၂၀ မွာ အက်ိဳးသက္ေရာက္မႈရွိေၾကာင္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ တကယ္ေတာ့ အာတီတာဟာ လက္ရွိမွာ ရိစ္ နယ္လ္ဆန္ကို ဒီထက္ပိုၿပီး အသုံးမျပဳခဲ့တာက မွားယြင္းခဲ့တယ္လို႔ ထင္ျမင္ေနၿပီျဖစ္ပုံေပၚၿပီး ဘုန္းေမာက္နဲ႔ပြဲစဥ္က လူစားဝင္ကစားေပးခဲ့တဲ့ ေျခစြမ္းကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ အၿမဲတမ္း အဲဒါကို လုပ္ဖို႔ သူ႔ဆီမွာ အလားအလာ၊ အရည္အခ်င္းနဲ႔ စိတ္ဆႏၵကို ျမင္ေတြ႕ခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ သူက မတူညီတဲ့အဆင့္အတန္းမွာ ရွိေနပါၿပီ။ စိတ္ခံစားမႈနဲ႔ အေတြ႕အႀကဳံေတြက သူ႔ကို အကူအညီေပးခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ေဘာလုံးအပိုင္းကေန ေျပာရရင္ ေနာက္ဆုံး ၂ ပြဲမွာ သူ႔ကို မကစားေစဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ တျခားေ႐ြးခ်ယ္စရာေတြ ရွိေနခဲ့လို႔ပါ။ ဒါေပမယ့္ သူက တံခါးလာေခါက္ခဲ့ၿပီး သူက တကယ္ေကာင္းေကာင္း ေလ့က်င့္ေနခဲ့ပါတယ္”
“အဲဒါက ကြၽန္ေတာ့္အတြက္၊ နည္းျပေတြအတြက္ ေကာင္းမြန္တဲ့သင္ခန္းစာျဖစ္ၿပီး ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္တယ္။ သူက တကယ္ကို အသင္းအတြက္ အေရးပါတဲ့သူျဖစ္ႏိုင္တယ္ဆိုတာ သင္ၾကားေပးသြားခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet