ရွိုင် ကီးန်နဲ့ ဗီယာရာတို့ရဲ့ မယုံနိုင်ဖွယ်ဆက်ဆံရေးကြောင့် အံ့သြခဲ့ရတဲ့ အာဆင်ဝင်းဂါး 150 150 coyg

ရွိုင် ကီးန်နဲ့ ဗီယာရာတို့ရဲ့ မယုံနိုင်ဖွယ်ဆက်ဆံရေးကြောင့် အံ့သြခဲ့ရတဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ကစားသမားဘဝတုန်းက တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့အဆင်သင့်ဖြစ်နေခဲ့ကြပေမယ့်လည်း ရွိုင် ကီးန်နဲ့ ပက်ထရစ် ဗီယာရာတို့ရဲ့ ခေတ်သစ်ဆက်ဆံရေးဟာ မယုံနိုင်စရာလို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ၂၁ ရာစုသစ်ကို အကူးအပြောင်းမှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတာကြောင့် ကွင်းလယ်ဗိုလ်ချုပ် ၂ ဦးကြားက တိုက်ပွဲတွေဟာ ပရီးမီးယားလိဂ်ခေတ်ရဲ့ အထင်ကရ ပုံရိပ်တွေဖြစ်ခဲ့တာဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ရွိုင် ကီးန်နဲ့ ဗီယာရာတို့ဟာ ကွင်းအတွင်းမှာ မကြာခဏ ပြဿနာတက်ခဲ့ကြပြီး ဟိုက်ဘူရီက ဥမင်လျှောက်လမ်းထဲက ရန်ပွဲဟာ ကီးန်နဲ့ ဗီယာရာတို့အကြောင်းပြောရင် မပါမဖြစ် ထည့်ပြောရတဲ့ကိစ္စ ဖြစ်ခဲ့တာဖြစ်ပါတယ်။

မကြာခဏ မျက်နှာချင်းဆိုင်တိုင်း ခိုက်ရန်ဖြစ်ပွားခဲ့ပေမယ့်လည်း ရွိုင် ကီးန်ရော ဗီယာရာပါ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ပြီးခဲတဲ့နှစ်တွေမှာ ဖြစ်ခဲ့သမျှအားလုံးကို သင်ပုန်းချေပစ်ခဲ့ကြပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ရွိုင် ကီးန်နဲ့ ဗီယာရာတို့ဟာ အကြိမ်ပေါင်းများစွာ တူညီတဲ့ ဘောလုံးဝေဖန်သုံးသပ်သူအဖွဲ့ထဲမှာ ပါဝင်ခဲ့ကြပြီး အဲဒါက အာဆင်နယ် ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးကို အံ့အားသင့်တုန်လှုပ်စေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် Hall of Fame ထဲကို ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ထည့်သွင်းခြင်းခံခဲ့ရပြီးနောက် အာဆင်ဝင်းဂါးက “ရွိုင် ကီးန်က ထိပ်တန်းကစားသမားဖြစ်ခဲ့ပေမယ့်လည်း ရန်လိုတတ်တဲ့သူလည်း ဟုတ်ပါတယ်။ ဒါပေမယ့်လည်း ခင်ဗျား ဗီယာရာကို ကြောက်ရွံ့အောင် လုပ်လို့ မရနိုင်ပါဘူး။ ပရီးမီးယားလိဂ်အတွက် ပြီးပြည့်စုံတဲ့ ပြိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတစ်ယောက် တစ်ယောက်နဲ့တစ်ယောက် လိုက်ရှာနေတာကို မြင်တွေ့ရပြီး သူတို့ဘာသာ တစ်ယောက်နဲ့တစ်ယောက် တာဝန်ယူကြတယ်။ ကျန်တဲ့ဘယ်သူမှ ဝင်မပါစေချင်ကြဘူး။ သူတို့က ကလပ်အသင်း ၂ သင်းကြား ပြိုင်ဆိုင်မှုရဲ့ သင်္ကေတလိုမျိုး ဖြစ်လာခဲ့ပါတယ်”

“ကျွန်တော် သူတို့ကို အခု တီဗီထဲမှာ မြင်နေရပြီး သူတို့တွေက ပြီးပြည့်စုံတဲ့ သူငယ်ချင်းတွေပါ။ အဲဒါက တကယ်တော့ မယုံနိုင်စရာကောင်းပါတယ်။ အရင်တုန်းက သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘောက်ဆင်သမား ၂ ယောက်လို့ ခင်ဗျား တွေးမိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet

zawgyi:ဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးက ကစားသမားဘဝတုန္းက တစ္ေယာက္နဲ႔တစ္ေယာက္ သတ္ဖို႔အဆင္သင့္ျဖစ္ေနခဲ့ၾကေပမယ့္လည္း ႐ြိဳင္ ကီးန္နဲ႔ ပက္ထရစ္ ဗီယာရာတို႔ရဲ႕ ေခတ္သစ္ဆက္ဆံေရးဟာ မယုံႏိုင္စရာလို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ၂၁ ရာစုသစ္ကို အကူးအေျပာင္းမွာ ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ခဲ့ၾကတာေၾကာင့္ ကြင္းလယ္ဗိုလ္ခ်ဳပ္ ၂ ဦးၾကားက တိုက္ပြဲေတြဟာ ပရီးမီးယားလိဂ္ေခတ္ရဲ႕ အထင္ကရ ပုံရိပ္ေတြျဖစ္ခဲ့တာျဖစ္ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာ ႐ြိဳင္ ကီးန္နဲ႔ ဗီယာရာတို႔ဟာ ကြင္းအတြင္းမွာ မၾကာခဏ ျပႆနာတက္ခဲ့ၾကၿပီး ဟိုက္ဘူရီက ဥမင္ေလွ်ာက္လမ္းထဲက ရန္ပြဲဟာ ကီးန္နဲ႔ ဗီယာရာတို႔အေၾကာင္းေျပာရင္ မပါမျဖစ္ ထည့္ေျပာရတဲ့ကိစၥ ျဖစ္ခဲ့တာျဖစ္ပါတယ္။

မၾကာခဏ မ်က္ႏွာခ်င္းဆိုင္တိုင္း ခိုက္ရန္ျဖစ္ပြားခဲ့ေပမယ့္လည္း ႐ြိဳင္ ကီးန္ေရာ ဗီယာရာပါ ကစားသမားဘဝကေန အနားယူၿပီးေနာက္ပိုင္း ၿပီးခဲတဲ့ႏွစ္ေတြမွာ ျဖစ္ခဲ့သမွ်အားလုံးကို သင္ပုန္းေခ်ပစ္ခဲ့ၾကပုံေပၚခဲ့တာ ျဖစ္ပါတယ္။ ႐ြိဳင္ ကီးန္နဲ႔ ဗီယာရာတို႔ဟာ အႀကိမ္ေပါင္းမ်ားစြာ တူညီတဲ့ ေဘာလုံးေဝဖန္သုံးသပ္သူအဖြဲ႕ထဲမွာ ပါဝင္ခဲ့ၾကၿပီး အဲဒါက အာဆင္နယ္ ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါးကို အံ့အားသင့္တုန္လႈပ္ေစခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ Hall of Fame ထဲကို ဆာအဲလက္စ္ ဖာဂူဆန္နဲ႔အတူ ထည့္သြင္းျခင္းခံခဲ့ရၿပီးေနာက္ အာဆင္ဝင္းဂါးက “႐ြိဳင္ ကီးန္က ထိပ္တန္းကစားသမားျဖစ္ခဲ့ေပမယ့္လည္း ရန္လိုတတ္တဲ့သူလည္း ဟုတ္ပါတယ္။ ဒါေပမယ့္လည္း ခင္ဗ်ား ဗီယာရာကို ေၾကာက္႐ြံ႕ေအာင္ လုပ္လို႔ မရႏိုင္ပါဘူး။ ပရီးမီးယားလိဂ္အတြက္ ၿပီးျပည့္စုံတဲ့ ၿပိဳင္ဆိုင္မႈျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလူတစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ရွာေနတာကို ျမင္ေတြ႕ရၿပီး သူတို႔ဘာသာ တစ္ေယာက္နဲ႔တစ္ေယာက္ တာဝန္ယူၾကတယ္။ က်န္တဲ့ဘယ္သူမွ ဝင္မပါေစခ်င္ၾကဘူး။ သူတို႔က ကလပ္အသင္း ၂ သင္းၾကား ၿပိဳင္ဆိုင္မႈရဲ႕ သေကၤတလိုမ်ိဳး ျဖစ္လာခဲ့ပါတယ္”

“ကြၽန္ေတာ္ သူတို႔ကို အခု တီဗီထဲမွာ ျမင္ေနရၿပီး သူတို႔ေတြက ၿပီးျပည့္စုံတဲ့ သူငယ္ခ်င္းေတြပါ။ အဲဒါက တကယ္ေတာ့ မယုံႏိုင္စရာေကာင္းပါတယ္။ အရင္တုန္းက သူတို႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ သတ္ျဖတ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ေဘာက္ဆင္သမား ၂ ေယာက္လို႔ ခင္ဗ်ား ေတြးမိမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar
Ref: Internet