နိုင်ငံတကာပွဲ ကစားနေကြသည့် ဂန်းနားများ၏ ယနေ့ ညနေခင်းထိ နောက်ဆုံးရသတင်းများ admin

နိုင်ငံတကာပွဲ ကစားနေကြသည့် ဂန်းနားများ၏ ယနေ့ ညနေခင်းထိ နောက်ဆုံးရသတင်းများ

အာဆင်နယ် ဂိုးသမား မတ် တာနာနဲ့ အာဆင်နယ်အသင်းက ယခုရာသီမှာ မေဂျာလိဂ်အသင်း ကော်လိုရာဒို ရက်ပစ်ဒ်အသင်းကနေ ယူရို ၂.၅ သန်းဖြင့် ခေါ်ယူထားပြီး ဘာမင်ဟမ်စီးတီးအသင်းဆီ အငှားချထားတဲ့ အော်စတန် ထရတ်စ်တီတို့ဟာ အမေရိကန်အသင်းက ဂရီနာဒါအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသည့်ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ကြပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ အမေရိကန် လက်ရွေးစင် ထရတ်စ်တေဟာ နောက်တန်း ဗဟိုခံစစ် ဘယ်ဘက်ခြမ်းမှာ နေရာမှာ ကစားတဲ့ ဘယ်ခြေအားသန် ကစားသမားဖြစ်ပြီး ယခုအခါ အမေရိကန်လက်ရွေးစင်အသင်းကြီးမှာရွေးချယ်ခံရသလို ပါဝင်ကစားခွင့်လည်းရခဲ့တဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်အပါအဝင် ပွဲများစွာ ကစားရမယ့် အာဆင်နယ်အသင်းအတွက် အားတစ်ခု ဖြစ်လာစေမယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးဟာ တနင်္လာနေ့ ည ၁၀ နာရီခွဲမှာ အန်ဂိုလာမှာကစားမယ့် အန်ဂိုလာနဲ့ ဂါနာအသင်းနဲ့တို့ပွဲစဉ်အတွက် ဂါနာအသင်းနဲ့အတူ အန်ဂိုလာကို လေကြောင်းခရီးနဲ့ ထွက်ခွာလာခဲ့ပြီး ယနေ့မနက်မှာ အန်ဂိုလာနိုင်ငံကို ချောမွေ့စွာ ရောက်ရှိပြီဖြစ်တယ်လို့ ဘလက်စတားဘောလုံးအဖွဲ့ချုပ် သတင်းဌာနက ရုပ်ပုံများအရ သိရှိရပါတယ်။

အာဆင်နယ်ကစားသမားလေး စမစ် ရိုးကတော့ အင်္ဂလန် ယူ-၂၁ အသင်းက ပြင်သစ် ယူ-၂၁ အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပွဲဦးထွက် ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ စမစ် ရိုးရဲ့ ပွဲအတွင်းက စွမ်းဆောင်ရည်တွေကတော့ ပွဲကစားချိန် ၆၆ မိနစ်၊ ဘောလုံးထိချက် ၃၂ ကြိမ်၊ ၉၅.၅ ရာခိုင်နှုန်း ပေးပို့မှုတိကျ၊ Dribble အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်း၊ အဝေးဖြတ်တင်ဘော ပေးပို့မှု ၂ ကြိမ်၊ ဖျက်ထုတ်နိုင်မှု ၂ ကြိမ်၊ ဂိုးသွင်းယူမှု ၁ ကြိမ်တို့ပဲ ဖြစ်ပါတယ်။

အင်္ဂလန် ယူ-၁၇ အသင်းက နယ်သာလန် ယူ-၁၇ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယူအီးအက်ဖ်အေ ယူရို-၁၇ ခြေစစ်ပွဲ ပွဲစဉ်မှာ အသက် ၁၆ နှစ်အရွယ် ဂန်းနားကြယ်ပွင့် လူငယ်စားသမားလေး အီသန် ဝမ်နယ်ရီက အနိုင် ဂိုး နှစ်ဂိုးစလုံးကို ပွဲချိန် ၆၃ မနစ်နဲ့ ၈၂ မိနစ်မှာ သွင်းယူနိုင်ခဲ့ပြီး အဲဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ယူကရိန်း-ရုရှအရေးအခင်းအကြောင့် ဘီလာရုစ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို ဆာဘီးယားနိုင်ငံမှာ ပြောင်းလဲကျင်းပနေပြီး ဆွစ်ဇာလန်အသင်းအနေနဲ့ ဘီလာရုစ်နဲ့ ပွဲကို ဆာဘီးယားမှာ လာရောက်ကစားသည့်အခါ မထင်မှတ်သည့် အန္တရာယ်များဖြစ်ပေါ်လာနိုင်သည့်အတွက် အယ်လ်ဘေးနီးယန်းနွယ်ဖွား ချာကာအား ဆာဘီးယားနိုင်ငံ၏ လမ်းများပေါ်သို့ မထွက်ရန် ကြိုတင် သတိပေးတားမြစ် တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ချာကာကတော့ ဆွစ်ဇာလန်အသင်းက ဘီလာရုစ်အသင်းကို ၅ ဂိုးပြတ်နိုင်ပွဲရရှိသည့် မနေ့ညကပွဲမှာ ၆၆ မိနစ်သာ ကစားခဲ့ပြီး ဆွစ်အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့သလို တစ်ဂိုးလည်း ဖန်တီးပေးခဲ့ပြီး ဆာဘီးယားမြေပေါ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်မြေပေါ်မှ ဖြစ်တဲ့အစ္စရေးအသင်းနဲ့ မတ်လ ၂၉ ရက် မနက် ၁ နာရီ ၁၅ မှာ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ ပွဲစဉ်အတွက် ချာကာဟာ ဆွစ်ဇာလန်ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံအစွန်ကစားသမား တီယာနေးဟာ စကော့တလန်အသင်းက ဆိုက်ပရပ်စ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိသည့်ပွဲမှာ ဘယ်ဘက် နောက်တန်းဗဟိုခံစစ်မှူးနေရာကို ပြောင်းလဲ ကစားခဲ့ပြီး မိနစ် ၉၀ ပြည့် ကစားခဲ့ပါတယ်။ တီယာနီရဲ့ စကော့တလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု A မှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ရဲ့ နော်ဝေအသင်းနဲ့ တအုပ်စုတည်း ကျရောက်နေတဲ့အတွက် နောက်လာမယ့်ပွဲစဉ်တွေမှာ ဂန်းနား နှစ်ဦး ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ယနေ့ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ယူကရိန်းအသင်းဘက်မှ ဇင်ချန်ကို၊ အင်္ဂလန်အသင်းဘက်မှ ဆာကာ၊ ရမ်စ်ဒေးလ်တို့ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ယနေ့ညပွဲမှာ အင်္ဂလန်အသင်းရဲ့ ပွဲထွက် ဂိုးသမားအဖြစ် အာဆင်နယ်အသင်းဂိုးသမား ရမ်စ်ဒေးလ်ကို အသုံးပြုဖွယ်ရှိသည်ဟု သတင်းများထွက်ရှိနေပြီး ဟုတ်မဟုတ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Arsenal Myanmar
Photos Credit to ownner