အာတီတာရဲ့ သူမတူတဲ့ အရည်အချင်းကိုအထင်ကြီးခဲ့မိခဲ့တဲ့ အော်ဒီဂွါဒ်
အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ နော်ဝေအသင်းနဲ့ နိုင်ငံတကာပွဲကစားဖို့ ရောက်ရှိနေချိန်မှာ TV2Sport နဲ့ ပြုလုပ်ခဲ့တဲ့ မကြာသေးမီက အင်တာဗျူးမှာ နည်းပြ အာတိတာနဲ့ ၎င်းရဲ့ နည်းပြအဖွဲ့ကို ဘယ်လောက်အထိ လေးစားနှစ်သက်လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“အဲဒါက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ သူနဲ့ သူ့နည်းပြတစ်ဖွဲ့လုံးက ဘယ်လောက်အထိ အသေးစိတ်ကျလဲဆိုတာကပေါ့။ ကျွန်တော် ဒီလိုမျိုး ဘောလုံးကို မြင်တဲ့လူမျိုးတွေနဲ့ သူမြင်သလို အသေးစိတ်မြင်တဲ့ သူမျိုး မကြုံခဲ့ဖူးပါဘူး။”
အာတီတာ မြင်တဲ့ အသေးစိတ်ကျတဲ့အရာတွေကို ပြောပြဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အော်ဒီဂွါဒ်က “အဲဒါက ရိုးရှင်းတဲ့အရာအနည်းငယ်လည်းဖြစ်နိုင်သလို ပိုပြီး ကြီးမားတဲ့အရာတွေလည်း ဖြစ်နိုင်ပါတယ်။
အဲဒါက အလွန်အမင်း အသေးစိတ်ကျပြီး ကျွန်တော်တို့ ပွဲစဉ်တိုင်းအပြီးမှာ ဗီဒီယိုပြန်ကြည့်ပြီး ပြောခဲ့တဲ့ သေးငယ်တဲ့အရာတွေအများကြီးကိုတောင် သူက အသေးစိတ်သိနေပါတယ်။ သူနဲ့ သူ့နည်းပြအဖွဲ့နဲ့အတူ အလုပ်လုပ်ရတာက ပျော်ဖို့ကောင်းတယ်။ အဲဒါက အလုပ်ဖြစ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
နော်ဝေအသင်းဟာ ယနေ့မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် စပိန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂန်းနားအသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်အနေနဲ့ ဟာလန်း မပါဝင်နိုင်တဲ့ အသင်းကို ဦးဆောင်ကစားသွားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk