ထရော့စ်ဆာ့ဒ် ဒဏ်ရာအခြေအနေ၊ စမစ်ရိုးကိုလူစားလဲမှု အပါအဝင် ဘုန်းမောက်ကိုနိုင်ပွဲအပြီး နည်းပြအာတီတာ ပြောခဲ့သမျှ
ပွဲသိမ်းခရာမှုတ်ချိန်မှာာ ဘယ်လိုခံစားခဲ့ရလဲ
အရူးတစ်ယောက်လိုပါပဲ။ ကျွန်တော် ဘယ်ရောက်နေမှန်းမသိတော့သလိုဖြစ်ပြီး ဘယ်ကို ပြေးနေမိမှန်းလည်း မသိတော့ပါဘူး။ ဒါပေမယ့် လူတိုင်း၊ အာဆင်နယ် ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ အားပေးသူတွေအားလုံးရဲ့ မျက်နှာတွေကို လိုက်ကြည့်နေမိတယ်။ သူတို့ရဲ့ မျက်နှာပြင်ပေါ်မှာ အပြုံးတွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတာ မြင်ရတော့ ဘဝကြီးက အသက်ရှင်နေရတာအရမ်းကောင်းတယ်လို့ ခံစားလိုက်ရတယ်။
ရီးစ် နယ်လ်ဆန်က ကန်သွင်းချက်တချို့ကို လွဲချော်ထားလို့ နောက်ဆုံးကန်ချက်ကို မင်းစိတ်ထဲမှာ မကန်စေချင်ခဲ့ဘူးလား
အဲဒါတော့ ကျွန်တော်မသိဘူးဗျ။ ကျွန်တော် ရီးစ်ကို လေ့ကျင့်ရေးမှာ အကြိမ် ၅၀ လောက်တော့ ကန်သွင်းမှု လေ့ကျင်းခိုင်းခဲ့ပေမယ့် သူဂိုးသွင်းနိုင် မနိုင်တော့ မသိခဲ့ပါဘူး။ ဒါပေမယ့် သူက အသင်းအတွက် ပြီးပြည့်စုံတဲ့ အခိုက်အတန်နဲ့ သူ့အတွက် ပြီးပြည့်စုံတဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဒီကလေးက ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။
ရီးစ် နယ်လ်ဆန်ဟာ ပွဲထွက်ကစားခွင့်ရဖို့ အချိန်တန်ပြီလား
သူ့ရဲ့ အလားအလာ၊ အရည်အချင်း၊ သူ့မှာ လုပ်ချင်တဲ့ စိတ်ဆန္ဒဘယ်လောက်ရှိလဲဆိုတာ ကျွန်တော် အမြဲ မြင်တွေ့နေခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ သူက မတူညီတဲ့အဆင့်တစ်ခုကို တက်ရောက်နိုင်နေပါပြီ။ သူ့ရဲ့ အသင်းကို ကူညီချင်တဲ့စိတ်နဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။ ဘောလုံး ဒသနအရ ကျွန်တော့်မှာ တခြားရွေးချယ်စရာ နည်းလမ်းတွေရှိလို့ ပြီးခဲ့တဲ့ နှစ်ပွဲမှာ (ဒဏ်ရာက ပြန်ကောင်းလာပြီးနောက်) သူ့ကို မကစားစေခဲ့ပါဘူး။ ဒါပေမယ့် သူက လေ့ကျင့်ရေးမှာ အရမ်းကောင်းမွန်အောင် လုပ်ပြနိုင်ခဲ့တာက သူ့ကို ပွဲထွက်ကစားစေဖို့ ကျွန်တော့်တံခါးဝကို လာခေါက်တော့တာပါ။ သူလိုကစားသမားမျိုးကို အသင်းအတွက် လိုအပ်တယ်ဆိုတာကျွန်တော်နဲ့ နည်းပြအဖွဲ့ကို သင်ခန်းစာကောင်းရစေခဲ့သလို အသင်းအတွက်လည်း တကယ်ကို အရေးပါစေပါတယ်။
စမစ် ရိုးကို လူစားလဲဖို့ ကြိုတင် စီစဉ်ထားသလားဆိုတဲ့အပေါ်
စမစ်ကို စောစောစီးစီးလဲပစ်ဖို့ ကျွန်တော် မစီစဉ်ထားပါဘူး။ ဒါပေမယ့် ၅ လလောက် ဒဏ်ရာကြောင့် အနားယူပြီး မကစားရတဲ့ ကစားသမားတစ်ယောက်အနေနဲ့ ကွင်းထဲမှာ မိနစ် ၇၀ လောက်ကစားရတာ အခက်အခဲရှိတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ သူကောင်းကောင်း ကစားနိုင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဘယ်ဘက်ခြမ်းမှာ တခုခုလိုအပ်နေပြီး ပြိုင်ဘက်ကို ခြိမ်းခြောက်မှု အားနည်းနေတယ်လို့ ကျွန်တော်ခံစားခဲ့ရပြီး အဲဘက်ကို တိုက်စစ်ဆင်မယ့် ကစားသမားတွေ လိုအပ်နေတယ်လို့မြင်ခဲ့တယ်။ ဒါကြောင့် စမစ်ရိုးအစား ရီးစ်ကို လူစားဝင်ကစားစေခဲ့တာပါ။
ထရော့စ်ဆာ့ဒ်ရဲ့ ဒဏ်ရာ အခြေအနေ
စိုးရိမ်စရာပါ။ ထောင့်ကန်ဘောကန်ပြီးတဲ့ သူလှည့်ပြန်လာတဲ့အခါမှာ နာကျင်မှုတစ်ချို့ သူခံစားခဲ့ရလို့ ထရော့စ်ဆာဒ် ကျွန်တော့်ဆီလာပြီး သူလမ်းဆက်မလျှောက်နိုင် ဆက်မကစားနိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူ့ကို လူစားလဲလိုက်ရတာပါ။ ကျွန်တော်တို့ သူ့ကို အရင်အနားပေးပြီး သူ့အခြေအနေကို စောင့်ကြည့်အကဲဖြတ်ရမှာပါ။
ထရော့စ်ဆာ့ဒ်ရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်ရလို့ လူစားစောစောလဲခဲ့တယ်လို့ နည်းပြအာတီတာသာ ပြောကြားခဲ့ပြီး မည်သည့်သတင်းဌာနကမှ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပါ။ နည်းပြအာတီတာရဲ့ ပြောပုံအရ ထရော့စ်ဆာ့ဒ်ဟာ လာမယ့် ယူရိုပါလိဂ်ပွဲကို လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။ အရင်ဆုံးအနားပေးအပြီး သေချာဆေးစစ် စစ်ဆေးပြီးမှ သေချာသိရမှာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မနက်ကစားရမယ့် ယူရိုပါလိဂ်ပွဲမတိုင်ခင် ပွဲကြိုအင်တာဗျူးမှာ နည်းပြအာတီတာအနေနဲ့ ထရော့စ်ဆာ့ဒ်ရဲ့ ဒဏ်ရာသတင်းအသေးစိတ်ကို ထပ်မံပြောကြားတဲ့အခါမှ သေချာသိရဖို့များပါတယ်။
အခုလို အောင်ပွဲခံပြီးရင် အာရုံစူးစိုက်မှုကို ဘယ်လိုပြန်ထိမ်းသိမ်းမလဲ..
ကျေးဇူးပြုပြီး ဒီညမှာ ပထမဆုံးပျော်လိုက်ပါ။ ဒီလိုပျော်ရွှင်တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းတဲ့အခါ လူတိုင်းကို ပျော်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါမျိုးပျော်ဖို့ (နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရရှိခြင်း)က ဘောလုံးပွဲတွေမှာ သိပ်မရှိလို့ပါ။ မနက်ဖြန်ရောက်ရင် ကျွန်တော်တို့ကတော့ အလုပ်ပြန်လုပ်မှာပါ။
AM
Photos credit
ZAWGYI:
ပြဲသိမ္းခရာမႈတ္ခ်ိန္မွာာ ဘယ္လိုခံစားခဲ့ရလဲ
အ႐ူးတစ္ေယာက္လိုပါပဲ။ ကြၽန္ေတာ္ ဘယ္ေရာက္ေနမွန္းမသိေတာ့သလိုျဖစ္ၿပီး ဘယ္ကို ေျပးေနမိမွန္းလည္း မသိေတာ့ပါဘူး။ ဒါေပမယ့္ လူတိုင္း၊ အာဆင္နယ္ ဝန္ထမ္းေတြ၊ ကစားသမားေတြနဲ႔ အားေပးသူေတြအားလုံးရဲ႕ မ်က္ႏွာေတြကို လိုက္ၾကည့္ေနမိတယ္။ သူတို႔ရဲ႕ မ်က္ႏွာျပင္ေပၚမွာ အၿပဳံးေတြ ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္ေနတာ ျမင္ရေတာ့ ဘဝႀကီးက အသက္ရွင္ေနရတာအရမ္းေကာင္းတယ္လို႔ ခံစားလိုက္ရတယ္။
ရီးစ္ နယ္လ္ဆန္က ကန္သြင္းခ်က္တခ်ိဳ႕ကို လြဲေခ်ာ္ထားလို႔ ေနာက္ဆုံးကန္ခ်က္ကို မင္းစိတ္ထဲမွာ မကန္ေစခ်င္ခဲ့ဘူးလား
အဲဒါေတာ့ ကြၽန္ေတာ္မသိဘူးဗ်။ ကြၽန္ေတာ္ ရီးစ္ကို ေလ့က်င့္ေရးမွာ အႀကိမ္ ၅၀ ေလာက္ေတာ့ ကန္သြင္းမႈ ေလ့က်င္းခိုင္းခဲ့ေပမယ့္ သူဂိုးသြင္းႏိုင္ မႏိုင္ေတာ့ မသိခဲ့ပါဘူး။ ဒါေပမယ့္ သူက အသင္းအတြက္ ၿပီးျပည့္စုံတဲ့ အခိုက္အတန္နဲ႔ သူ႔အတြက္ ၿပီးျပည့္စုံတဲ့ အခိုက္အတန႔္ေတြကို ဖန္တီးႏိုင္ခဲ့တဲ့အတြက္ ဒီကေလးက ခ်ီးက်ဴးမႈနဲ႔ ထိုက္တန္ပါတယ္။
ရီးစ္ နယ္လ္ဆန္ဟာ ပြဲထြက္ကစားခြင့္ရဖို႔ အခ်ိန္တန္ၿပီလား
သူ႔ရဲ႕ အလားအလာ၊ အရည္အခ်င္း၊ သူ႔မွာ လုပ္ခ်င္တဲ့ စိတ္ဆႏၵဘယ္ေလာက္ရွိလဲဆိုတာ ကြၽန္ေတာ္ အၿမဲ ျမင္ေတြ႕ေနခဲ့ရပါတယ္။ ဒါေပမယ့္ အခုေတာ့ သူက မတူညီတဲ့အဆင့္တစ္ခုကို တက္ေရာက္ႏိုင္ေနပါၿပီ။ သူ႔ရဲ႕ အသင္းကို ကူညီခ်င္တဲ့စိတ္နဲ႔ အေတြ႕အႀကဳံေတြက ကြၽန္ေတာ္တို႔ကို ကူညီေပးခဲ့ပါတယ္။ ေဘာလုံး ဒသနအရ ကြၽန္ေတာ့္မွာ တျခားေ႐ြးခ်ယ္စရာ နည္းလမ္းေတြရွိလို႔ ၿပီးခဲ့တဲ့ ႏွစ္ပြဲမွာ (ဒဏ္ရာက ျပန္ေကာင္းလာၿပီးေနာက္) သူ႔ကို မကစားေစခဲ့ပါဘူး။ ဒါေပမယ့္ သူက ေလ့က်င့္ေရးမွာ အရမ္းေကာင္းမြန္ေအာင္ လုပ္ျပႏိုင္ခဲ့တာက သူ႔ကို ပြဲထြက္ကစားေစဖို႔ ကြၽန္ေတာ့္တံခါးဝကို လာေခါက္ေတာ့တာပါ။ သူလိုကစားသမားမ်ိဳးကို အသင္းအတြက္ လိုအပ္တယ္ဆိုတာကြၽန္ေတာ္နဲ႔ နည္းျပအဖြဲ႕ကို သင္ခန္းစာေကာင္းရေစခဲ့သလို အသင္းအတြက္လည္း တကယ္ကို အေရးပါေစပါတယ္။
စမစ္ ႐ိုးကို လူစားလဲဖို႔ ႀကိဳတင္ စီစဥ္ထားသလားဆိုတဲ့အေပၚ
စမစ္ကို ေစာေစာစီးစီးလဲပစ္ဖို႔ ကြၽန္ေတာ္ မစီစဥ္ထားပါဘူး။ ဒါေပမယ့္ ၅ လေလာက္ ဒဏ္ရာေၾကာင့္ အနားယူၿပီး မကစားရတဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ ကြင္းထဲမွာ မိနစ္ ၇၀ ေလာက္ကစားရတာ အခက္အခဲရွိတယ္ဆိုတာေတာ့ ကြၽန္ေတာ္သိပါတယ္။ သူေကာင္းေကာင္း ကစားႏိုင္ေနတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ ဘယ္ဘက္ျခမ္းမွာ တခုခုလိုအပ္ေနၿပီး ၿပိဳင္ဘက္ကို ၿခိမ္းေျခာက္မႈ အားနည္းေနတယ္လို႔ ကြၽန္ေတာ္ခံစားခဲ့ရၿပီး အဲဘက္ကို တိုက္စစ္ဆင္မယ့္ ကစားသမားေတြ လိုအပ္ေနတယ္လို႔ျမင္ခဲ့တယ္။ ဒါေၾကာင့္ စမစ္႐ိုးအစား ရီးစ္ကို လူစားဝင္ကစားေစခဲ့တာပါ။
ထေရာ့စ္ဆာ့ဒ္ရဲ႕ ဒဏ္ရာ အေျခအေန
စိုးရိမ္စရာပါ။ ေထာင့္ကန္ေဘာကန္ၿပီးတဲ့ သူလွည့္ျပန္လာတဲ့အခါမွာ နာက်င္မႈတစ္ခ်ိဳ႕ သူခံစားခဲ့ရလို႔ ထေရာ့စ္ဆာဒ္ ကြၽန္ေတာ့္ဆီလာၿပီး သူလမ္းဆက္မေလွ်ာက္ႏိုင္ ဆက္မကစားႏိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္ သူ႔ကို လူစားလဲလိုက္ရတာပါ။ ကြၽန္ေတာ္တို႔ သူ႔ကို အရင္အနားေပးၿပီး သူ႔အေျခအေနကို ေစာင့္ၾကည့္အကဲျဖတ္ရမွာပါ။
ထေရာ့စ္ဆာ့ဒ္ရဲ႕ ဒဏ္ရာအေျခအေနက စိုးရိမ္ရလို႔ လူစားေစာေစာလဲခဲ့တယ္လို႔ နည္းျပအာတီတာသာ ေျပာၾကားခဲ့ၿပီး မည္သည့္သတင္းဌာနကမွ ထုတ္ျပန္ေၾကျငာျခင္းမရွိေသးပါ။ နည္းျပအာတီတာရဲ႕ ေျပာပုံအရ ထေရာ့စ္ဆာ့ဒ္ဟာ လာမယ့္ ယူ႐ိုပါလိဂ္ပြဲကို လြဲေခ်ာ္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။ အရင္ဆုံးအနားေပးအၿပီး ေသခ်ာေဆးစစ္ စစ္ေဆးၿပီးမွ ေသခ်ာသိရမွာျဖစ္ပါတယ္။ လာမယ့္ ၾကာသပေတးေန႔မနက္ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲမတိုင္ခင္ ပြဲႀကိဳအင္တာဗ်ဴးမွာ နည္းျပအာတီတာအေနနဲ႔ ထေရာ့စ္ဆာ့ဒ္ရဲ႕ ဒဏ္ရာသတင္းအေသးစိတ္ကို ထပ္မံေျပာၾကားတဲ့အခါမွ ေသခ်ာသိရဖို႔မ်ားပါတယ္။
အခုလို ေအာင္ပြဲခံၿပီးရင္ အာ႐ုံစူးစိုက္မႈကို ဘယ္လိုျပန္ထိမ္းသိမ္းမလဲ..
ေက်းဇူးျပဳၿပီး ဒီညမွာ ပထမဆုံးေပ်ာ္လိုက္ပါ။ ဒီလိုေပ်ာ္႐ႊင္တဲ့ အခိုက္အတန႔္ေတြကို ျဖတ္သန္းတဲ့အခါ လူတိုင္းကို ေပ်ာ္ဖို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ဒါမ်ိဳးေပ်ာ္ဖို႔ (ေနာက္ဆုံးမိနစ္ဂိုးနဲ႔ အႏိုင္ရရွိျခင္း)က ေဘာလုံးပြဲေတြမွာ သိပ္မရွိလို႔ပါ။ မနက္ျဖန္ေရာက္ရင္ ကြၽန္ေတာ္တို႔ကေတာ့ အလုပ္ျပန္လုပ္မွာပါ။
AM
Photos credit
- Posted In:
- Articles