ပြိုင်ဘက်တွေကို မျက်စိလည်ရတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ဂန်းနားကြယ်ပွင့် ၂ ဦးကို ချီးကျူးခဲ့တဲ့ အိုဝင် admin

ပြိုင်ဘက်တွေကို မျက်စိလည်ရတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ဂန်းနားကြယ်ပွင့် ၂ ဦးကို ချီးကျူးခဲ့တဲ့ အိုဝင်

မိုက်ကယ် အိုဝင်က အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဂရာနစ် ချာကာနဲ့ ဇင်ချန်ကိုတို့ ၂ ဦးကို ၎င်းတို့ရဲ့ နေရာယူ ကစားပုံကြောင့် ပြိုင်ဘက်တွေကို စိတ်ရှုပ်ထွေးစေခဲ့တယ်လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။

စာရွက်ပေါ်မှာတော့ ဇင်ချန်ကိုဟာ ဘယ်နောက်ခံကစားသမားဖြစ်ပေမယ့်လည်း မိနစ် ၉၀ တစ်လျှောက်လုံး ယူ့ကရိန်းနောက်ခံလူရဲ့ Heat Map ကို ပြန်ကြည့်မယ်ဆိုရင် အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဘယ်နောက်ခံကစားသမားအဖြစ်ထက်စာရင် ကွင်းလယ်ကစားသမားအဖြစ် ပိုကစားခဲ့တာကို မြင်ရမှာ ဖြစ်ပါတယ်။

အဲဒါက ကျောနံပါတ် ၈ ဘယ်တောင်ပံကစားသမားအဖြစ် ကစားတဲ့ ချာကာလိုမျိုး ကစားသမားကို တိုက်စစ်အထိ တွန်းအားတက်ပေးနိုင်စေပြီး အာဆင်နယ်တောင်ပံကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတီနယ်လီတို့ကို တောင်ပံကနေ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခွင့်ပေးပါတယ်။ သောမတ်စ် ပါတေးကလည်း ခံစစ် ၄ ဦးရှေ့မှာ လုံခြုံရေးပေးထားပြီး ကျောနံပါတ် ၉ ကစားသမားဟာ နောက်ပြန်ဆင်းပြီး ပြိုင်ဘက်ကစားသမားတွေကို ၎င်းတို့ရဲ့ နေရာကနေ ထွက်လာအောင် ဆွဲခေါ်နိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဇင်ချန်ကိုရဲ့ နေရာယူကစားပုံက တစ်ရာသီလုံး သက်သေပြသခဲ့တာဖြစ်ပြီး အာဆင်နယ်က တနင်္ဂနွေနေ့က ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချာကာကလည်း ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချာကာအတွက်တော့ တစ်ပတ်အတွင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်သလို ယခုရာသီမှာ သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ် ကစားသမားဟာ မတူညီတဲ့ ပုံစံသစ်နဲ့ ကစားနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ချာကာနဲ့ ဇင်ချန်ကိုတို့ရဲ့ နေရာယူကစားပုံက ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေအားလုံးအတွက် ပြဿနာဖြစ်စေခဲ့တာဖြစ်ပြီး အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ဂန်းနားကြယ်ပွင့် ၂ ဦးရဲ့ ကစားပုံကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အတွက် ဒီလို ရှေ့တက်ကစားနိင်တဲ့ တောင်ပံကစားသမားတွေ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက ပေါင်းစပ်ကစားပုံ၊ စိတ်လှုပ်ရှားမှုနဲ့ ကစားသမားတွေကို ပြဿနာတွေ ပေးနိုင်တယ်။ သူတို့ရဲ့ တိုက်စစ်လိုက်ပါတဲ့ နေရာယူကစားပုံနဲ့ နောက်ခံလူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ချာကာနဲ့ ဇင်ချန်ကိုတို့ ဒီလို ကစားနေတာပါ။ ဇင်ချန်ကိုက ချာကာရဲ့ နေရာမှာ လုံးဝ ဖြည့်ကစားလုနီးပါးကစားပေးခဲ့တယ်။ ကျွန်တော်တို့ အလှည့်ကျပုံစံမျိုး နည်းနည်းရှိပါတယ်။ ဇင်ချန်ကိုက အဲဒီနေရာကို ဝင်လာတယ်။
သူက တကယ်တော့ ချာကာရဲ့ ရှေ့ကို ရောက်သွားတယ်။ ပြီးတော့ ရုတ်တရက်ပဲ ခင်ဗျားမှာ တိုက်စစ်နေရာယူထားတဲ့ ဘယ်နောက်ခံ ကစားသမားရှိနေပြီး အဲဒီအလှည့်ကျကစားပုံကို ကြည့်လိုက်ပါ။ အဲဒါက ခရစ္စတယ် ပဲလေ့စ်ရဲ့ အာရုံစိုက်မှု ကင်းမဲ့ပြီး နားလည်မှုလွဲတာကို မြင့်တက်လာစေတဲ့ အာဆင်နယ်ရဲ့ အလှည့်ကျကစားပုံဖြစ်ပြီး လူတွေကို သူတို့လုပ်ရမယ့်ဟာတွေမှာ ပြဿနာဖြစ်စေခဲ့ပါတယ်။ အဲဒီအလှည့်ကျကစားပုံမျိုးက လျင်လျင်မြန်မြန်ဖြစ်လာတဲ့အခါမှာ ကာကွယ်ဖို့ အရမ်း အရမ်း ခက်ခဲပါတယ်။ အာဆင်နယ်က သူတို့နဲ့ကစားနေတဲ့ ခံစစ်တိုင်းကို စိတ်ရှုပ်ထွေးအောင် လုပ်နေတယ်ဆိုတဲ့အချက်ကို ပြသနေတာပါ။ ”လို့ ပြောကြားခဲ့ပါတ်ယ။

ဒီကစားသမား ၂ ဦးဟာ ယခုရာသီမှာ အာဆင်နယ်အတွက် အလွန်ထူးချွန်နေခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဂန်းနားတွေအတွက် ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ကစားပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်အများအပြားဟာ ဇင်ချန်ကို ကို မန်ချက်စတာစီးတီးကနေ ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့ချိန်တုန်းက အလွန်အမင်းပျော်ရွှင်ခဲ့ကြပြီး ဂွါဒီယိုလာအနေနဲ့ ၎င်းရဲ့ ကစားသမားတွေကို နောက်ထပ်တစ်ကြိမ် အမ်းမရိတ်စ်ကို ထွက်ခွာခွင့် ပေးတော့မှာမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

ဂရာနစ် ချာကာကလည်း ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ မယုံနိုင်လောက်အောင် ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာခဲ့ပြီး လက်ရှိမှာတော့ အတိတ်တုန်းက အဝေဖန်အခံခဲ့ရဆုံး ကစားသမားဟာ အာဆင်နယ်ဂန္တဝင်ဖြစ်လာဖို့အတွက် အနီးစပ်ဆုံး အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet