တွဲကစားရတာ နှစ်သက်တဲ့ ကစားသမားကို ပြောပြခဲ့ပြီး အာတီတာကို ယုံကြည်စိတ်ချစေခဲ့တဲ့ မာတီနယ်လီ coyg

တွဲကစားရတာ နှစ်သက်တဲ့ ကစားသမားကို ပြောပြခဲ့ပြီး အာတီတာကို ယုံကြည်စိတ်ချစေခဲ့တဲ့ မာတီနယ်လီ

ဂါဘရီယဲလ် မာတီနယ်လီဟာ ဂန်းနားတွေက တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် တွဲကစားရတာ နှစ်သက်တဲ့ အာဆင်နယ်ကြယ်ပွင့်နာမည်ကို ပြောပြခဲ့ပါတယ်။

မာတီနယ်လီဟာ အာတီတာရဲ့အသင်းကို ဒုတိယနေရာက မန်စီးတီးနဲ့ ၈ မှတ်ဖြတ်ထားနိုင်အောင် ကူညီပေးဖို့ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်ကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ယခုရာသီ ၂၂ ပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိခဲ့ပြီဖြစ်ပြီး ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရာသီ ပထမဆုံး ၂၈ ပွဲမှာ အများဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပြီး တနင်္ဂနွေနေ့နိုင်ပွဲအပြီး မာတီနယ်လီက ၎င်းရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တဲ့ အသင်းဖော် ဆာကာကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ ကိုယ်တိုင်လည်း ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီတုန်းက အလက်ဆစ် ဆန်းချက်ဇ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ခုစလုံးမှာ ကိန်းဂဏန်း ၂ လုံးအထိရှိတဲ့ ပထမဆုံးအာဆင်နယ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

“ဆာကာဆီကနေ ကောင်းမွန်တဲ့ ပေးပို့မှု ဖြစ်ခဲ့ပါတယ်။ သူ ကျွန်တော့်ကို ပေးဖို့ ကြိုးပမ်းခဲ့တာလား ဒါမှမဟုတ် တစ်ခြားတယောက်ကိုပဲလား မသိပါဘူး။ ဒါပေမယ့် အဲဒါက ကောင်းမွန်တဲ့ ပေးပို့မှု ဖြစ်ခဲ့ပါတယ်။ သူနဲ့ ကစားရတာ အရမ်းနှစ်သက်ပါတယ်။ သူက အရမ်းကောင်းတဲ့သူပါ။ သူ တင်မဟုတ်ပါဘူး။ တစ်သင်းလုံးက ကောင်းတာပါ။ ကျွန်တော်တို့က မိသားစုတွေပါ။ ဘူကာယိုက အရမ်းကောင်းတဲ့ပုံစံနဲ့ ကစားနေတယ်။ သူက အရမ်းတော်တဲ့ကစားသမားဖြစ်ပြီး သူနဲ့အတူတူ ကစားရတာကို ကျွန်တော် နှစ်သက်မိပါတယ်။”

မာတီနယ်လီဟာ စပို့တင်း လစ္စဘွန်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရစေတဲ့ ပင်နယ်တီ လွဲချော်မှုအပြီး အိပ်မပျော်တဲ့ညတွေကို ဖြတ်သန်းခဲ့ရပြီး အရာအားလုံးကို တတ်နိုင်သမျှမြန်မြန် မှန်ကန်အောင် လုပ်ဆောင်ချင်တာကြောင့် နည်းပြ အာတီတာကို ပဲလေ့စ်နဲ့ပွဲမှာ ရွေးချယ်ပေးဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာတီတာက ဘရာဇီးလ်တောင်ပံကစားသမားကို ယုံကြည်မှုပေးခဲ့ပြီး မာတီနယ်လီကလည်း အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ပြန်လည်ပေးဆပ်ပြခဲ့တာ ဖြစ်ပါတယ်။ မာတီနယ်လီက ဂိုးသွင်းယူနိုင်ဖို့ ၂၈ မိနစ်သာ စောင့်ဆိုင်းခဲ့ရတာဖြစ်ပြီး စနေနေ့က နောက်ကွယ်က စကားပြောဆိုမှုအပြီးမှာ နည်းပြရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မနေ့က သူ့ကို ဘယ်လိုလဲ အဆင်ပြေရဲ့လားလို့ မေးခဲ့တယ်။ သူက ကျွန်တော် အသင်းထဲမှာ ရှိနေချင်တယ်တဲ့။ သူက တာဝန်ယူမှုရှိတယ်။ အခွင့်အရေးကို အရယူတယ်။ ခင်ဗျား နောက်တစ်နေ့မှာ သူ့ကို ခွန်အားအပြည့်နဲ့ ကွင်းထဲမှာ ပြေးလွှားနေတာကို မြင်ရတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး အရမ်း မစိုးရိမ်ခဲ့ပါဘူး။”လို့ အာတီတာက ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ကြာသပတေးက ပင်နယ်တီလွဲချော်မှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ မာတီနယ်လီက “အဲဒါ ဘဝပဲ။ ခင်ဗျား ပွဲတိုင်း ဂိုးသွင်းယူနိုင်မှာ၊ ကောင်းကောင်း ကစားနိုင်မှာမဟုတ်ဘူး။ ဟုတ်တာပေါ့။ ကျွန်တော် ဝမ်းနည်းခဲ့တယ်။ တစ်ညလုံး ပင်နယ်တီလွဲခဲ့တဲ့အကြောင်းပဲ စဉ်းစားပြီး မအိပ်ခဲ့ရဘူး။ ဒါပေမယ့် ပြီးတာတွေလည်း ပြီးပါပြီ။ ကျွန်တော် ဒီနေ့ ဂိုးသွင်းခဲ့တယ်။ ကျွန်တော်တို့ အနိုင် ၃ မှတ်ရခဲ့တယ်။ ဒါက အရေးအကြီးဆုံးအရာပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ဂါဘရီယဲလ္ မာတီနယ္လီဟာ ဂန္းနားေတြက တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ တြဲကစားရတာ ႏွစ္သက္တဲ့ အာဆင္နယ္ၾကယ္ပြင့္နာမည္ကို ေျပာျပခဲ့ပါတယ္။

မာတီနယ္လီဟာ အာတီတာရဲ႕အသင္းကို ဒုတိယေနရာက မန္စီးတီးနဲ႔ ၈ မွတ္ျဖတ္ထားႏိုင္ေအာင္ ကူညီေပးဖို႔ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၆ ဂိုး သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပဲေလ့စ္ကို အႏိုင္ရရွိခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ ယခုရာသီ ၂၂ ပြဲေျမာက္ ပရီးမီးယားလိဂ္ႏိုင္ပြဲကို ရရွိခဲ့ၿပီျဖစ္ၿပီး ဂန္းနားေတြဟာ ပရီးမီးယားလိဂ္ရာသီ ပထမဆုံး ၂၈ ပြဲမွာ အမ်ားဆုံးႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ အေကာင္းဆုံး အေနအထားမွာ ရွိေနၿပီး တနဂၤေႏြေန႔ႏိုင္ပြဲအၿပီး မာတီနယ္လီက ၎ရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့တဲ့ အသင္းေဖာ္ ဆာကာကို ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ ကိုယ္တိုင္လည္း ၂ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ၂၀၁၆-၂၀၁၇ ရာသီတုန္းက အလက္ဆစ္ ဆန္းခ်က္ဇ္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ခုစလုံးမွာ ကိန္းဂဏန္း ၂ လုံးအထိရွိတဲ့ ပထမဆုံးအာဆင္နယ္ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

“ဆာကာဆီကေန ေကာင္းမြန္တဲ့ ေပးပို႔မႈ ျဖစ္ခဲ့ပါတယ္။ သူ ကြၽန္ေတာ့္ကို ေပးဖို႔ ႀကိဳးပမ္းခဲ့တာလား ဒါမွမဟုတ္ တစ္ျခားတေယာက္ကိုပဲလား မသိပါဘူး။ ဒါေပမယ့္ အဲဒါက ေကာင္းမြန္တဲ့ ေပးပို႔မႈ ျဖစ္ခဲ့ပါတယ္။ သူနဲ႔ ကစားရတာ အရမ္းႏွစ္သက္ပါတယ္။ သူက အရမ္းေကာင္းတဲ့သူပါ။ သူ တင္မဟုတ္ပါဘူး။ တစ္သင္းလုံးက ေကာင္းတာပါ။ ကြၽန္ေတာ္တို႔က မိသားစုေတြပါ။ ဘူကာယိုက အရမ္းေကာင္းတဲ့ပုံစံနဲ႔ ကစားေနတယ္။ သူက အရမ္းေတာ္တဲ့ကစားသမားျဖစ္ၿပီး သူနဲ႔အတူတူ ကစားရတာကို ကြၽန္ေတာ္ ႏွစ္သက္မိပါတယ္။”

မာတီနယ္လီဟာ စပို႔တင္း လစၥဘြန္းနဲ႔ ပြဲစဥ္မွာ အာဆင္နယ္အသင္းကို ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရေစတဲ့ ပင္နယ္တီ လြဲေခ်ာ္မႈအၿပီး အိပ္မေပ်ာ္တဲ့ညေတြကို ျဖတ္သန္းခဲ့ရၿပီး အရာအားလုံးကို တတ္ႏိုင္သမွ်ျမန္ျမန္ မွန္ကန္ေအာင္ လုပ္ေဆာင္ခ်င္တာေၾကာင့္ နည္းျပ အာတီတာကို ပဲေလ့စ္နဲ႔ပြဲမွာ ေ႐ြးခ်ယ္ေပးဖို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာတီတာက ဘရာဇီးလ္ေတာင္ပံကစားသမားကို ယုံၾကည္မႈေပးခဲ့ၿပီး မာတီနယ္လီကလည္း အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔အတူ ျပန္လည္ေပးဆပ္ျပခဲ့တာ ျဖစ္ပါတယ္။ မာတီနယ္လီက ဂိုးသြင္းယူႏိုင္ဖို႔ ၂၈ မိနစ္သာ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ၿပီး စေနေန႔က ေနာက္ကြယ္က စကားေျပာဆိုမႈအၿပီးမွာ နည္းျပရဲ႕ ယုံၾကည္မႈကို ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မေန႔က သူ႔ကို ဘယ္လိုလဲ အဆင္ေျပရဲ႕လားလို႔ ေမးခဲ့တယ္။ သူက ကြၽန္ေတာ္ အသင္းထဲမွာ ရွိေနခ်င္တယ္တဲ့။ သူက တာဝန္ယူမႈရွိတယ္။ အခြင့္အေရးကို အရယူတယ္။ ခင္ဗ်ား ေနာက္တစ္ေန႔မွာ သူ႔ကို ခြန္အားအျပည့္နဲ႔ ကြင္းထဲမွာ ေျပးလႊားေနတာကို ျမင္ရတဲ့အခါမွာ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး အရမ္း မစိုးရိမ္ခဲ့ပါဘူး။”လို႔ အာတီတာက ပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးက ပင္နယ္တီလြဲေခ်ာ္မႈနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ မာတီနယ္လီက “အဲဒါ ဘဝပဲ။ ခင္ဗ်ား ပြဲတိုင္း ဂိုးသြင္းယူႏိုင္မွာ၊ ေကာင္းေကာင္း ကစားႏိုင္မွာမဟုတ္ဘူး။ ဟုတ္တာေပါ့။ ကြၽန္ေတာ္ ဝမ္းနည္းခဲ့တယ္။ တစ္ညလုံး ပင္နယ္တီလြဲခဲ့တဲ့အေၾကာင္းပဲ စဥ္းစားၿပီး မအိပ္ခဲ့ရဘူး။ ဒါေပမယ့္ ၿပီးတာေတြလည္း ၿပီးပါၿပီ။ ကြၽန္ေတာ္ ဒီေန႔ ဂိုးသြင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ အႏိုင္ ၃ မွတ္ရခဲ့တယ္။ ဒါက အေရးအႀကီးဆုံးအရာပဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet