ဂန်းနားဂန္တဝင်ကို ကြိုဆိုခွင့်မပေးတဲ့ ပဲလေ့စ်ရဲ့ဆုံးဖြတ်ချက်မှားကြောင်း ပြသသွားမယ့် ဂန်းနားများ
အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာနဲ့ ပြန်လည်ဆုံစည်းရမယ့်အခွင့်အရေး ငြင်းပယ်ခံခဲ့ရပြီးနောက် နည်းပြမရှိတဲ့ ပဲလေ့စ်ကို လန်ဒန်ဒါဘီမှာ လက်ဗလာနဲ့ အိမ်ပြန်လွှတ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
ဂန်းနားတွေဟာ တနင်္ဂနွေနေ့မှာ နိုင်ပွဲ ရယူနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၈ မှတ်အသာနဲ့ ဦးဆောင်ခွင့် ရရှိသွားမှာဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်အသင်းကတော့ ၁၂ ပွဲဆက် နိုင်ပွဲမရှိ စံချိန်ကို ဆက်လက်တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
အာဆင်နယ်အသင်းဟာ လာမယ့် ၄၈ နာရီအတွင်း တနင်္ဂနွေနေ့ ပဲလေ့စ်နဲ့ပွဲမှာ ဆာလီဘာ ပါဝင်ကစားပေးနိုင်မလားဆိုတာကို အကဲဖြတ်သွားမှာဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့ပြီး အချိန်မီ ကြံ့ခိုင်မှု မပြည့်ဝခဲ့ဘူးဆိုရင် ဟိုးဒင်းက ရှားရှားပါးပါး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရရှိသွားနိုင်ပါတယ်။ တိုမီယဆုကလည်း စပို့တင်းနဲ့ပွဲစဉ်မှာ ၉ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရပြီးနောက် အာတီတာက ဂျပန်နောက်ခံလူရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ အန်ကီးတီးယားမပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး သတင်းကောင်းကတော့ ထရော့ဆာ့ဒ်၊ ဇင်ချန်ကို၊ ဂါဘရီယဲလ်တို့အားလုံးဟာ စပို့တင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့ပုံပေါ်ပေမယ့် ပဲလေ့စ်နဲ့ပွဲအတွက် ကြံ့ခိုင်မှုရှိနေတယ်လို့ သိရပါတယ်။
ခရစ္စတယ် ပဲလေ့စ်အသင်းဘက်မှာ အာဆင်နယ်ကနေ အငှားနဲ့ လာကစားနေတဲ့ လိုကွန်ဂါက မိခင်ကလပ်အသင်းနဲ့ ရင်ဆိုင်နိုင်မှာမဟုတ်ပေမယ့် ဝီလ် ဟုချ်နဲ့ ဂျိမ်းစ် မက်အာသာတို့ နာမကျန်းဖြစ်ရာကနေ ပြန်လည်သက်သာလာပြီး ပြန်လည်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။ ဆမ် ဂျွန်စတုန်းက ခြေသလုံးဒဏ်ရာရနေဆဲဖြစ်ပြီး ပွဲထွက်ဂိုးသမား ဂွိုက်တာကလည်း တံကောက်ကြောဒဏ်ရာရနေတာကြောင့် အသက် ၁၉ နှစ် အကယ်ဒမီထွက်ဂိုးသမား ဂျိုး ဝစ်ဝေါ့ပဲ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ပွဲထွက်ကစားသွားမှာဖြစ်ပါတယ်။ နောက်ခံလူ နေသန် ဖာဂူဆန်ကလည်း ပွဲကစားဖို့ ကြံ့ခိုင်မှု ရရှိအောင် လုပ်ဆောင်နေရဆဲဖြစ်ပြီး မာ့စ် ဂေးဟီက ဆယ်ကျော်သက်ဂိုးသမားကို အကာအကွယ်ပေးသွားနိုင်မှာဖြစ်ပါတယ်။ ဒူကူရေးဟာ ဘရိုက်တန်နဲ့ပွဲမှာ အဝါကတ်ပြားနဲ့ ရှောင်လွှဲနိုင်ခဲ့တာကြောင့် အာဆင်နယ်နဲ့ပွဲစဉ်ကို ပါဝင်ကစားပေးသွားမှာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်- ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဟိုးဒင်း၊ ဂါဘရီယဲလ်၊ တီယာနီ၊ အော်ဒီဂွါဒ်၊ ပါတေး၊ ချာကာ၊ ဆာကာ၊ ထရော့ဆာ့ဒ်၊ မာတီနယ်လီ။
ခရစ္စတယ် ပဲလေ့စ်- ဝစ်ဝေါ့၊ ကလိုင်း၊ အန်ဒါဆန်၊ ဂေးဟီ၊ မစ်ချဲလ်၊ ဟုချ်၊ ဒူကူရေး၊ ရှလပ်၊ အိုလစ်ဆေး၊ အေဒူယာ၊ ဇာဟာ။
ပွဲကြိုသုံးသပ်ချက်
ရှောင် ဒိုက်ချ်ရဲ့ အဲဗာတန်နဲ့တုန်းကလို နည်းပြသစ်နဲ့ ဒုက္ခပေးမှာကို ကြောက်ရွံ့မှုတွေ ရှိနေပေမယ့်လည်း ၂၀၂၃ ခုနှစ်တစ်နှစ်လုံး နိုင်ပွဲမရသေးတဲ့ ပဲလေ့စ်ရဲ့ နိုင်ပွဲပျောက်ဆုံးမှု စံချိန်က ဂန်းနားတွေအတွက် စိုးရိမ်ပူပင်မှုတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ အာတီတာဟာ စပို့တင်းနဲ့ပွဲမှာ ပထမအသင်းကစားသမားအများအပြားကို အနားပေးထားခဲ့ပြီး အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၄ ပွဲမှာ နိုင်ပွဲမရခဲ့တဲ့ စံချိန်ဆိုးကို ရိုက်ချိုးပြီး အမှတ်ပေးဇယားထိပ်မှာ ၈ မှတ်ဖြတ် ဦးဆောင်သွားမှာဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ခရစ္စတယ် ပဲလေ့စ်)
ပေါလ်မာဆန်ရဲ့ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ခရစ္စတယ် ပဲလေ့စ်)
ခရစ္စ ဆပ်တန်ရဲ့ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ခရစ္စတယ် ပဲလေ့စ်)
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာနဲ႔ ျပန္လည္ဆုံစည္းရမယ့္အခြင့္အေရး ျငင္းပယ္ခံခဲ့ရၿပီးေနာက္ နည္းျပမရွိတဲ့ ပဲေလ့စ္ကို လန္ဒန္ဒါဘီမွာ လက္ဗလာနဲ႔ အိမ္ျပန္လႊတ္သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။
ဂန္းနားေတြဟာ တနဂၤေႏြေန႔မွာ ႏိုင္ပြဲ ရယူႏိုင္မယ္ဆိုရင္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ၈ မွတ္အသာနဲ႔ ဦးေဆာင္ခြင့္ ရရွိသြားမွာျဖစ္ၿပီး ခရစၥတယ္ ပဲေလ့စ္အသင္းကေတာ့ ၁၂ ပြဲဆက္ ႏိုင္ပြဲမရွိ စံခ်ိန္ကို ဆက္လက္တိုးျမႇင့္သြားရမွာ ျဖစ္ပါတယ္။
ႏွစ္ဖက္အသင္းသတင္းမ်ား
အာဆင္နယ္အသင္းဟာ လာမယ့္ ၄၈ နာရီအတြင္း တနဂၤေႏြေန႔ ပဲေလ့စ္နဲ႔ပြဲမွာ ဆာလီဘာ ပါဝင္ကစားေပးႏိုင္မလားဆိုတာကို အကဲျဖတ္သြားမွာျဖစ္တယ္လို႔ Football.london က ေဖာ္ျပခဲ့ၿပီး အခ်ိန္မီ ႀကံ့ခိုင္မႈ မျပည့္ဝခဲ့ဘူးဆိုရင္ ဟိုးဒင္းက ရွားရွားပါးပါး ပရီးမီးယားလိဂ္ပြဲထြက္ခြင့္ရရွိသြားႏိုင္ပါတယ္။ တိုမီယဆုကလည္း စပို႔တင္းနဲ႔ပြဲစဥ္မွာ ၉ မိနစ္မွာပဲ လူစားလဲလွယ္ခဲ့ရၿပီးေနာက္ အာတီတာက ဂ်ပန္ေနာက္ခံလူရဲ႕ ဒဏ္ရာက ျပင္းထန္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဂန္းနားေတြဟာ တနဂၤေႏြေန႔ပြဲစဥ္မွာ အန္ကီးတီးယားမပါဝင္ဘဲ ကစားသြားရမွာျဖစ္ၿပီး သတင္းေကာင္းကေတာ့ ထေရာ့ဆာ့ဒ္၊ ဇင္ခ်န္ကို၊ ဂါဘရီယဲလ္တို႔အားလုံးဟာ စပို႔တင္းနဲ႔ပြဲမွာ ဒဏ္ရာရခဲ့ပုံေပၚေပမယ့္ ပဲေလ့စ္နဲ႔ပြဲအတြက္ ႀကံ့ခိုင္မႈရွိေနတယ္လို႔ သိရပါတယ္။
ခရစၥတယ္ ပဲေလ့စ္အသင္းဘက္မွာ အာဆင္နယ္ကေန အငွားနဲ႔ လာကစားေနတဲ့ လိုကြန္ဂါက မိခင္ကလပ္အသင္းနဲ႔ ရင္ဆိုင္ႏိုင္မွာမဟုတ္ေပမယ့္ ဝီလ္ ဟုခ်္နဲ႔ ဂ်ိမ္းစ္ မက္အာသာတို႔ နာမက်န္းျဖစ္ရာကေန ျပန္လည္သက္သာလာၿပီး ျပန္လည္ကစားေပးႏိုင္ဖြယ္ရွိေနပါတယ္။ ဆမ္ ဂြၽန္စတုန္းက ေျခသလုံးဒဏ္ရာရေနဆဲျဖစ္ၿပီး ပြဲထြက္ဂိုးသမား ဂြိဳက္တာကလည္း တံေကာက္ေၾကာဒဏ္ရာရေနတာေၾကာင့္ အသက္ ၁၉ ႏွစ္ အကယ္ဒမီထြက္ဂိုးသမား ဂ်ိဳး ဝစ္ေဝါ့ပဲ ပရီးမီးယားလိဂ္ ၂ ပြဲဆက္တိုက္ ပြဲထြက္ကစားသြားမွာျဖစ္ပါတယ္။ ေနာက္ခံလူ ေနသန္ ဖာဂူဆန္ကလည္း ပြဲကစားဖို႔ ႀကံ့ခိုင္မႈ ရရွိေအာင္ လုပ္ေဆာင္ေနရဆဲျဖစ္ၿပီး မာ့စ္ ေဂးဟီက ဆယ္ေက်ာ္သက္ဂိုးသမားကို အကာအကြယ္ေပးသြားႏိုင္မွာျဖစ္ပါတယ္။ ဒူကူေရးဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ အဝါကတ္ျပားနဲ႔ ေရွာင္လႊဲႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ပြဲစဥ္ကို ပါဝင္ကစားေပးသြားမွာျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္- ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဟိုးဒင္း၊ ဂါဘရီယဲလ္၊ တီယာနီ၊ ေအာ္ဒီဂြါဒ္၊ ပါေတး၊ ခ်ာကာ၊ ဆာကာ၊ ထေရာ့ဆာ့ဒ္၊ မာတီနယ္လီ။
ခရစၥတယ္ ပဲေလ့စ္- ဝစ္ေဝါ့၊ ကလိုင္း၊ အန္ဒါဆန္၊ ေဂးဟီ၊ မစ္ခ်ဲလ္၊ ဟုခ်္၊ ဒူကူေရး၊ ရွလပ္၊ အိုလစ္ေဆး၊ ေအဒူယာ၊ ဇာဟာ။
ပြဲႀကိဳသုံးသပ္ခ်က္
ေရွာင္ ဒိုက္ခ်္ရဲ႕ အဲဗာတန္နဲ႔တုန္းကလို နည္းျပသစ္နဲ႔ ဒုကၡေပးမွာကို ေၾကာက္႐ြံ႕မႈေတြ ရွိေနေပမယ့္လည္း ၂၀၂၃ ခုႏွစ္တစ္ႏွစ္လုံး ႏိုင္ပြဲမရေသးတဲ့ ပဲေလ့စ္ရဲ႕ ႏိုင္ပြဲေပ်ာက္ဆုံးမႈ စံခ်ိန္က ဂန္းနားေတြအတြက္ စိုးရိမ္ပူပင္မႈေတြကို ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။ အာတီတာဟာ စပို႔တင္းနဲ႔ပြဲမွာ ပထမအသင္းကစားသမားအမ်ားအျပားကို အနားေပးထားခဲ့ၿပီး အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္ခဲ့ပါတယ္။ ဂန္းနားေတြဟာ ခရစၥတယ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ေနာက္ဆုံးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၄ ပြဲမွာ ႏိုင္ပြဲမရခဲ့တဲ့ စံခ်ိန္ဆိုးကို ႐ိုက္ခ်ိဳးၿပီး အမွတ္ေပးဇယားထိပ္မွာ ၈ မွတ္ျဖတ္ ဦးေဆာင္သြားမွာျဖစ္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ခရစၥတယ္ ပဲေလ့စ္)
ေပါလ္မာဆန္ရဲ႕ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ခရစၥတယ္ ပဲေလ့စ္)
ခရစၥ ဆပ္တန္ရဲ႕ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ခရစၥတယ္ ပဲေလ့စ္)
Arsenal Myanmar
Ref: Internet