ပထမအသင်းမှာကစားဖို့က ကျွန်တော့်အိပ်မက်ပါဆိုတဲ့ ဘာလိုဂွန်ရဲ့ ရင်တွင်းစကားများ coyg

ပထမအသင်းမှာကစားဖို့က ကျွန်တော့်အိပ်မက်ပါဆိုတဲ့ ဘာလိုဂွန်ရဲ့ ရင်တွင်းစကားများ

အာဆင်နယ် မီဒီယာအဖွဲ့ဟာ မကြာသေးမီက အငှားထွက်ကစားနေတဲ့ ဖိုလာရင် ဘာလိုဂွန်နဲ့ တွေ့ဆုံဖို့ ပြင်သစ်ကို သွားရောက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးက ၎င်းရဲ့ ရင်တွင်းက စကားသံတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မေး- ရင်းမ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ်။

ဖြေ- ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ တွေးမိခဲ့လို့ဖြစ်ပြီး စိန်ခေါ်မှုကောင်းလည်း ဖြစ်မယ်လို့ ထင်လို့ပါ။ ကျွန်တော် ယှဉ်ပြိုင်ချင်ပြီး နောက်ထပ်အများကြီး လာဖို့ ရှိပါသေးတယ်။

မေး- ရင်းမ်စ်က နည်းပြအပြောင်းအလဲအပေါ်မှာရော။

ဖြေ- ဒီမှာရှိခဲ့တဲ့ အစောပိုင်းအချိန်တုန်းက နည်းပြအပြောင်းအလဲရှိခဲ့တယ်။ ဝီလ်က အစားထိုးခန့်အပ်မှုအနေနဲ့ ရောက်လာတယ်။ ဘယ်သူမှမသိတဲ့ အပြင်ဘက်က တစ်စုံတယောက်နဲ့ ကျွန်တော်တို့ အစားထိုးခန့်အပ်ခံခဲ့ရတာမျိုး မဟုတ်ခဲ့ပါဘူး။ အားလုံးက ဝီလ်နဲ့ အရမ်းရင်းနှီးပြီးသားဆိုတော့ အားလုံးအတွက် တကယ်ကို အကူအညီဖြစ်ခဲ့ပါတယ်။ သူက အသင်းပတ်ဝန်းကျင်ကို တကယ် စိတ်ပျော်ရွှင်စရာဖြစ်အောင် လုပ်ခဲ့တယ်။ အထူးသဖြင့် အင်္ဂလန်က ရောက်လာတဲ့ ကျွန်တော့်အတွက်ပေါ့။ ခင်ဗျား နည်းပြနဲ့ ပြောဆိုဆက်သွယ်လို့ရနိုင်ရင် အဲဒါက အမြဲတမ်းကောင်းမွန်ပြီး သူက ခင်ဗျားဆီကနေ လိုချင်တာကို တိုက်ရိုက်ပြောနိုင်ပါတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ အဲဒါက ကောင်းပါတယ်။

မေး- နည်းပြဝီလ် စတေလ်အပေါ်အမြင်ကရော။

ဖြေ- အခုရော အရင်ကပါ တစ်ခါတလေ သူက ကျွန်တော့်ကို စိတ်ဆိုးအောင်လုပ်တယ်။ ကျွန်တော်က သူ့ကို ပါးစပ်ပိတ်စေချင်ရင် ဘောလုံးကို ဂိုးပိုက်ထဲ ထည့်ဖို့လိုတယ်။ အဲဒီတော့ ကျွန်တော့်အတွက်လည်း ကောင်းမွန်တဲ့ အမြင်တစ်ခုကို ယူဆောင်ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သေချာတာတော့ သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်။

မေး- အာဆင်နယ်နဲ့ ရာသီကြိုခရီးစဉ်ထွက်ခဲ့ပြီး နည်းပြ အာတီတာနဲ့ ဘာတွေပြောခဲ့လဲ။

ဖြေ- ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော် အမေရိကားကို ပထမအသင်းနဲ့အတူ ခရီးထွက်ခဲ့တယ်။ ကျွန်တော် အဲဒီမှာ ပွဲကစားချိန် မရခဲ့ဘူး။ အဲဒီတော့ ကျွန်တော် နည်းနည်း စိတ်ပျက်ခဲ့မိတယ်။ ပထမအသင်းမှာ ကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်တွေထဲက တစ်ခုပါ။ ကျွန်တော် တစ်ချိန်တည်းမှာပဲ လက်တွေ့ကျကျ စဉ်းစားခဲ့ရပါတယ်။ ကျွန်တော် မီခေးလ်နဲ့ စကားပြောခဲ့ပြီး သူက ကျွန်တော့်ကို ရွေးချယ်စရာအနည်းငယ်ပေးခဲ့တယ်။ ကျွန်တော်တို့ အတူတူပဲ ပြင်သစ်ကို လာတာက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။

မေး- အာဆင်နယ်နဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ- လူတော်တော်များများက ကျွန်တော်က အာဆင်နယ်ကစားသမားဖြစ်နေဆဲဆိုတာ မေ့နေနိုင်တယ်။ မီခေးလ်က အသင်းကို ပြောင်းလဲခဲ့တဲ့ပုံစံက အံ့အားသင့်စရာကောင်းခဲ့တယ်။ ဆိုတော့ ကျွန်တော် ဆိုလိုချင်တာက ဒီမှာ တော်တော်လေးကို အာရုံစိုက်ထားခဲ့တယ်။ ဒါက ကောက်ရိုးမီးမဟုတ်ဘူးဆိုတာ လူတွေသိအောင် ပြသဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုမျိုး ခြေစွမ်းမျိုးက ကျွန်တော် ပုံမှန်ပြသနိုင်တဲ့အရာဆိုတာ သိအောင် ပြသချင်တယ်။ ခင်ဗျား အရာတော်တော်များများကို ပိုပြီးတော့ ရရှိလာတဲ့အခါမှာ မေးခွန်းတွေ ပိုရှိလာမှာပါ။ သူ ဒါကို လုပ်နိုင်မှာလား။ ဒါမှမဟုတ် အဖျားရှူးသွားမှာလား။ ကျွန်တော် ဒီကိုစရောက်လာတော့ ကျွန်တော် ဒီလို လုပ်နိုင်မယ် မထင်ထားဘူး။ ဒါပေမယ့် အခုအချိန် ဒီလိုအနေအထားမှာရှိနေရတာက အံ့အားသင့်စရာကောင်းတယ်။ ကျွန်တော် ဆက်ပြီးတော့ လုပ်ဖို့ လိုပါတယ်။

ဘာလိုဂန်ဟာ ရင်းမ်စ်အသင်းရှိ သူ့ရဲ့ Locker အခန်းထဲမှာ အာဆင်နယ်အသင်းရဲ့ ဝတ်စုံနဲ့ ရိုက်ထားတဲ့ ပုံကို အမြဲထားရှိထားတာကို ပြသခဲ့ပြီး သူ့ရဲ့ အနာဂတ်အိပ်မက်ဖြစ်တဲ့ အာဆင်နယ်ရဲ့ ပထမအသင်းကြီးမှာ ကစားချင်တဲ့ ရည်ရွယ်ချက်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

မေး- ဝီလ် စတေလ်ရေ ရင်းမ်စ်က ဘာလိုဂွန်ရဲ့ ပထမဆုံး ရည်မှန်းချက်က ဘာလဲ။

ဖြေ- ရာသီအစတုန်းက ကျွန်တော် လက်ထောက်နည်းပြအဖြစ်ရှိနေခဲ့ပြီး အတူရှိနေခဲ့ပြီး ဘုတ်အဖွဲ့က ရောက်လာခဲ့ပြီး ဩဂုတ်လလယ်မှာ ဘာလို ငါတို့နဲ့လာပြီး ပူးပေါင်းတော့မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ထိုင်ပြီး ပထမဆုံး ရည်မှန်းချက်က ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြတယ်။ ကျွန်တော်တို့ ဘာလုပ်ဖို့ ကြိုးစားကြမလဲ။ ဘယ်လောက်အထိ မင်း လုပ်နိုင်မလဲပေါ့။ သူ ပြောတဲ့ ပထမဆုံးစကားက ‘ခင်ဗျား သိလား ဝီလ်။ ကျွန်တော် တတ်နိုင်သလောက် မြန်မြန် ၁၀ ဂိုး သွင်းချင်တယ်’တဲ့။ ပြီးတော့ ကျွန်တော်တို့ ၁၀ ဂိုးလည်း ရသွားရော နောက်ထပ် ဘာဆက်လုပ်မလဲ။ အခု ငါတို့ ဘယ်အရာအပေါ်မှာ တွန်းအားပေးကြမလဲဆိုပြီး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ထပ် ပန်းတိုင်က သွင်းဂိုး ၂၀ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

မေး- ဘာလိုဂွန်အပေါ် ခင်ဗျားဘယ်လိုမြင်လဲ။

ဖြေ- သူက ပထမဆုံးအသင်းမှာ အသားကျအောင် လုပ်ရမယ်ဆိုတာကို တန်းနားလည်ခဲ့ပြီး အသင်းက သူ့ဆီက ဘာလိုချင်လဲဆိုတာကိုလည်း တန်းနားလည်ခဲ့တယ်။ သူ အလုပ်ကိုလည်း မယုံနိုင်လောက်အောင် ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်။ သူ ညာခြေနဲ့ ဂိုးသွင်းနိုင်တယ်။ ဘယ်ခြေနဲ့လည်း သွင်းနိုင်တယ်။သူ့ရဲ့ ပထမဆုံးပွဲမှာ သူ့ရဲ့အရည်အသွေးတွေအားလုံး ပြခဲ့တယ်။ ပီအက်စ်ဂျီနဲ့ပွဲက အာရုံစူးစိုက်မှု၊ သူ သွင်းယူခဲ့တဲ့ ချေပဂိုးက သူ့မှာ ရှိတဲ့ အရည်အချင်းက ဘယ်လောက်အထိ ရှိလဲဆိုတာ ပြသခဲ့တာပါ။ သူက အနေအေးတဲ့ကလေးဖြစ်ပေမယ့်သူ တစ်ခုခု ပြောတဲ့အချိန်ကျရင် စဉ်းစဉ်းစားစား ပြောတတ်ပြီး သူ့ရဲ့ ဟာသဉာဏ်ကလည်း တော်တော်လေး ကောင်းပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

အာဆင္နယ္ မီဒီယာအဖြဲ႕ဟာ မၾကာေသးမီက အငွားထြက္ကစားေနတဲ့ ဖိုလာရင္ ဘာလိုဂြန္နဲ႔ ေတြ႕ဆုံဖို႔ ျပင္သစ္ကို သြားေရာက္ခဲ့ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးက ၎ရဲ႕ ရင္တြင္းက စကားသံေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေမး- ရင္းမ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အေပၚ။

ေျဖ- ကြၽန္ေတာ့္ရဲ႕ တိုးတက္မႈအတြက္ ေကာင္းမြန္တယ္လို႔ ေတြးမိခဲ့လို႔ျဖစ္ၿပီး စိန္ေခၚမႈေကာင္းလည္း ျဖစ္မယ္လို႔ ထင္လို႔ပါ။ ကြၽန္ေတာ္ ယွဥ္ၿပိဳင္ခ်င္ၿပီး ေနာက္ထပ္အမ်ားႀကီး လာဖို႔ ရွိပါေသးတယ္။

ေမး- ရင္းမ္စ္က နည္းျပအေျပာင္းအလဲအေပၚမွာေရာ။

ေျဖ- ဒီမွာရွိခဲ့တဲ့ အေစာပိုင္းအခ်ိန္တုန္းက နည္းျပအေျပာင္းအလဲရွိခဲ့တယ္။ ဝီလ္က အစားထိုးခန႔္အပ္မႈအေနနဲ႔ ေရာက္လာတယ္။ ဘယ္သူမွမသိတဲ့ အျပင္ဘက္က တစ္စုံတေယာက္နဲ႔ ကြၽန္ေတာ္တို႔ အစားထိုးခန႔္အပ္ခံခဲ့ရတာမ်ိဳး မဟုတ္ခဲ့ပါဘူး။ အားလုံးက ဝီလ္နဲ႔ အရမ္းရင္းႏွီးၿပီးသားဆိုေတာ့ အားလုံးအတြက္ တကယ္ကို အကူအညီျဖစ္ခဲ့ပါတယ္။ သူက အသင္းပတ္ဝန္းက်င္ကို တကယ္ စိတ္ေပ်ာ္႐ႊင္စရာျဖစ္ေအာင္ လုပ္ခဲ့တယ္။ အထူးသျဖင့္ အဂၤလန္က ေရာက္လာတဲ့ ကြၽန္ေတာ့္အတြက္ေပါ့။ ခင္ဗ်ား နည္းျပနဲ႔ ေျပာဆိုဆက္သြယ္လို႔ရႏိုင္ရင္ အဲဒါက အၿမဲတမ္းေကာင္းမြန္ၿပီး သူက ခင္ဗ်ားဆီကေန လိုခ်င္တာကို တိုက္႐ိုက္ေျပာႏိုင္ပါတယ္။ အဲဒီေတာ့ ဟုတ္ပါတယ္။ အဲဒါက ေကာင္းပါတယ္။

ေမး- နည္းျပဝီလ္ စေတလ္အေပၚအျမင္ကေရာ။

ေျဖ- အခုေရာ အရင္ကပါ တစ္ခါတေလ သူက ကြၽန္ေတာ့္ကို စိတ္ဆိုးေအာင္လုပ္တယ္။ ကြၽန္ေတာ္က သူ႔ကို ပါးစပ္ပိတ္ေစခ်င္ရင္ ေဘာလုံးကို ဂိုးပိုက္ထဲ ထည့္ဖို႔လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္အတြက္လည္း ေကာင္းမြန္တဲ့ အျမင္တစ္ခုကို ယူေဆာင္ေပးႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ေသခ်ာတာေတာ့ သူနဲ႔ ကြၽန္ေတာ့္ရဲ႕ ဆက္ဆံေရးကို တန္ဖိုးထားပါတယ္။

ေမး- အာဆင္နယ္နဲ႔ ရာသီႀကိဳခရီးစဥ္ထြက္ခဲ့ၿပီး နည္းျပ အာတီတာနဲ႔ ဘာေတြေျပာခဲ့လဲ။

ေျဖ- ၿပီးခဲ့တဲ့ေႏြရာသီမွာ ကြၽန္ေတာ္ အေမရိကားကို ပထမအသင္းနဲ႔အတူ ခရီးထြက္ခဲ့တယ္။ ကြၽန္ေတာ္ အဲဒီမွာ ပြဲကစားခ်ိန္ မရခဲ့ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ နည္းနည္း စိတ္ပ်က္ခဲ့မိတယ္။ ပထမအသင္းမွာ ကစားဖို႔က ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ တစ္ခ်ိန္တည္းမွာပဲ လက္ေတြ႕က်က် စဥ္းစားခဲ့ရပါတယ္။ ကြၽန္ေတာ္ မီေခးလ္နဲ႔ စကားေျပာခဲ့ၿပီး သူက ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္စရာအနည္းငယ္ေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ အတူတူပဲ ျပင္သစ္ကို လာတာက ကြၽန္ေတာ့္အတြက္ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ဆုံးျဖတ္ခဲ့ၾကတယ္။

ေမး- အာဆင္နယ္နဲ႔ပတ္သက္ၿပီး ဘာေျပာခ်င္လဲ။

ေျဖ- လူေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္က အာဆင္နယ္ကစားသမားျဖစ္ေနဆဲဆိုတာ ေမ့ေနႏိုင္တယ္။ မီေခးလ္က အသင္းကို ေျပာင္းလဲခဲ့တဲ့ပုံစံက အံ့အားသင့္စရာေကာင္းခဲ့တယ္။ ဆိုေတာ့ ကြၽန္ေတာ္ ဆိုလိုခ်င္တာက ဒီမွာ ေတာ္ေတာ္ေလးကို အာ႐ုံစိုက္ထားခဲ့တယ္။ ဒါက ေကာက္႐ိုးမီးမဟုတ္ဘူးဆိုတာ လူေတြသိေအာင္ ျပသဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဒီလိုမ်ိဳး ေျခစြမ္းမ်ိဳးက ကြၽန္ေတာ္ ပုံမွန္ျပသႏိုင္တဲ့အရာဆိုတာ သိေအာင္ ျပသခ်င္တယ္။ ခင္ဗ်ား အရာေတာ္ေတာ္မ်ားမ်ားကို ပိုၿပီးေတာ့ ရရွိလာတဲ့အခါမွာ ေမးခြန္းေတြ ပိုရွိလာမွာပါ။ သူ ဒါကို လုပ္ႏိုင္မွာလား။ ဒါမွမဟုတ္ အဖ်ားရႉးသြားမွာလား။ ကြၽန္ေတာ္ ဒီကိုစေရာက္လာေတာ့ ကြၽန္ေတာ္ ဒီလို လုပ္ႏိုင္မယ္ မထင္ထားဘူး။ ဒါေပမယ့္ အခုအခ်ိန္ ဒီလိုအေနအထားမွာရွိေနရတာက အံ့အားသင့္စရာေကာင္းတယ္။ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ လုပ္ဖို႔ လိုပါတယ္။

ဘာလိုဂန္ဟာ ရင္းမ္စ္အသင္းရွိ သူ႔ရဲ႕ Locker အခန္းထဲမွာ အာဆင္နယ္အသင္းရဲ႕ ဝတ္စုံနဲ႔ ႐ိုက္ထားတဲ့ ပုံကို အၿမဲထားရွိထားတာကို ျပသခဲ့ၿပီး သူ႔ရဲ႕ အနာဂတ္အိပ္မက္ျဖစ္တဲ့ အာဆင္နယ္ရဲ႕ ပထမအသင္းႀကီးမွာ ကစားခ်င္တဲ့ ရည္႐ြယ္ခ်က္ကိုလည္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။

ေမး- ဝီလ္ စေတလ္ေရ ရင္းမ္စ္က ဘာလိုဂြန္ရဲ႕ ပထမဆုံး ရည္မွန္းခ်က္က ဘာလဲ။

ေျဖ- ရာသီအစတုန္းက ကြၽန္ေတာ္ လက္ေထာက္နည္းျပအျဖစ္ရွိေနခဲ့ၿပီး အတူရွိေနခဲ့ၿပီး ဘုတ္အဖြဲ႕က ေရာက္လာခဲ့ၿပီး ဩဂုတ္လလယ္မွာ ဘာလို ငါတို႔နဲ႔လာၿပီး ပူးေပါင္းေတာ့မယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ထိုင္ၿပီး ပထမဆုံး ရည္မွန္းခ်က္က ဘာလဲဆိုတာကို ပြင့္ပြင့္လင္းလင္း ေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ဘာလုပ္ဖို႔ ႀကိဳးစားၾကမလဲ။ ဘယ္ေလာက္အထိ မင္း လုပ္ႏိုင္မလဲေပါ့။ သူ ေျပာတဲ့ ပထမဆုံးစကားက ‘ခင္ဗ်ား သိလား ဝီလ္။ ကြၽန္ေတာ္ တတ္ႏိုင္သေလာက္ ျမန္ျမန္ ၁၀ ဂိုး သြင္းခ်င္တယ္’တဲ့။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ၁၀ ဂိုးလည္း ရသြားေရာ ေနာက္ထပ္ ဘာဆက္လုပ္မလဲ။ အခု ငါတို႔ ဘယ္အရာအေပၚမွာ တြန္းအားေပးၾကမလဲဆိုၿပီး ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ ေနာက္ထပ္ ပန္းတိုင္က သြင္းဂိုး ၂၀ ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။

ေမး- ဘာလိုဂြန္အေပၚ ခင္ဗ်ားဘယ္လိုျမင္လဲ။

ေျဖ- သူက ပထမဆုံးအသင္းမွာ အသားက်ေအာင္ လုပ္ရမယ္ဆိုတာကို တန္းနားလည္ခဲ့ၿပီး အသင္းက သူ႔ဆီက ဘာလိုခ်င္လဲဆိုတာကိုလည္း တန္းနားလည္ခဲ့တယ္။ သူ အလုပ္ကိုလည္း မယုံႏိုင္ေလာက္ေအာင္ ျပင္းျပင္းထန္ထန္ လုပ္ခဲ့တယ္။ သူ ညာေျခနဲ႔ ဂိုးသြင္းႏိုင္တယ္။ ဘယ္ေျခနဲ႔လည္း သြင္းႏိုင္တယ္။သူ႔ရဲ႕ ပထမဆုံးပြဲမွာ သူ႔ရဲ႕အရည္အေသြးေတြအားလုံး ျပခဲ့တယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲက အာ႐ုံစူးစိုက္မႈ၊ သူ သြင္းယူခဲ့တဲ့ ေခ်ပဂိုးက သူ႔မွာ ရွိတဲ့ အရည္အခ်င္းက ဘယ္ေလာက္အထိ ရွိလဲဆိုတာ ျပသခဲ့တာပါ။ သူက အေနေအးတဲ့ကေလးျဖစ္ေပမယ့္သူ တစ္ခုခု ေျပာတဲ့အခ်ိန္က်ရင္ စဥ္းစဥ္းစားစား ေျပာတတ္ၿပီး သူ႔ရဲ႕ ဟာသဉာဏ္ကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။

Arsenal Myanmar

Ref: Internet