ဖလားရဖို့ ကစားနေတဲ့ အာဆင်နယ်နဲ့အတူ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်လာမယ့် အာတီတာ coyg

ဖလားရဖို့ ကစားနေတဲ့ အာဆင်နယ်နဲ့အတူ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်လာမယ့် အာတီတာ

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်တ်က မီခေးလ် အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ်နဲ့ အမ်းမရိတ်စ်မှာ ထူးခြားကောင်းမွန်တဲ့အလုပ်တွေကို လုပ်ဆောင်နေခဲ့တယ်လို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိမယ်ဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်လာ လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ကာလအတွင်း အာတီတာ လုပ်ဆောင်ခဲ့တာတွေကို ပြန်တွေးမယ်ဆိုရင် ထူးခြားပြီး စပိန်လူမျိုးနည်းပြဟာ အမ်မရီ ခေတ်လွန် အင်အားချိနဲ့နေတဲ့အသင်းကို ဆက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးလက်ထောက်နည်းပြဟောင်းဟာ ဂန်းနားတွေကို အက်ဖ်အေဖလား အောင်မြင်မှုရရှိအောင် ရောက်ရောက်ချင်းပဲ အစွမ်းပြခဲ့ပေမယ့် အဲဒီနောက်ပိုင်းကတည်းက အခြေအနေတွေက တော်တော်လေးနောက်ပြန်ဆွဲသွားခဲ့ပုံပေါ်တာကြောင့် အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက လူငယ်နည်းပြနဲ့ တသားတည်းရှိနေမှာမဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဘုတ်အဖွဲ့ဟာ အာတီတာဟာ အသင်းကို ဦးဆောင်နိုင်မယ့် လူမှန်ဖြစ်တယ်လို့ အလေးအနက် ယုံကြည်ခဲ့ကြတာကြောင့် အားပေးထောက်ခံမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီယုံကြည်မှုက ဒီရာသီမှာ ပြန်လည်အကျိုးခံစားနေရပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အလှည့်အပြောင်းတွေ စတင် ပြုလုပ်ပြခဲ့ပေမယ့်လည်း ရာသီကုန်ခါနီးမှာ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်လွဲခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာ လုပ်နေတာတွေကိုတော့ ဘယ်သူကမှ မျှော်မှန်းထားခဲ့မှာမဟုတ်ဘဲ အာဆင်နယ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဖလားကို ၁၉ နှစ်အကြာမှာ ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ဖို့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေပြီဖြစ်ပြီး အာတီတာဟာ ဂန်းနားတွေနဲ့ သမိုင်းသစ်ရေးထိုးနိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေတာဖြစ်ပါတယ်။

အာတီတာဟာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံး စတင်ကိုင်တွယ်တဲ့အသင်းနဲ့ ရယူနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပြီး စပါးစ်ကြယ်ပွင့်ဟောင်း ဒါရင်း ဘန့်တ်က အဲဒီလိုသာဖြစ်ခဲ့ရင် စပိန်လူမျိုးနည်းပြက ကမ္ဘာပေါ်ကအကောင်းဆုံးနည်းပြဖြစ်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြလို့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် သူ ဒီရာသီလုပ်နေတာကိုက ထူးခြားပါတယ်။ ခင်ဗျား ပြီးခဲ့တဲ့ရာသီအစကို ပြန်ကြည့်လိုက်ရင် ၃ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ဇယားအောက်ခြေကို သူတို့ရောက်သွားခဲ့ပြီး ပီးယာ့စ် မော်ဂန်အပါအဝင် အားလုံးက အာတီတာက လူမှန်မဟုတ်ဘူး။ သူက ဒီစီမံကိန်းမှာ ယုံကြည်ရတဲ့သူမဟုတ်ဘူး။ အူဘာမီယန်းလို ထိပ်တန်းဂိုးသွင်းရှင်ကို ထုတ်ပစ်တယ်။ အာဆင်နယ်သာ ထိပ်ဆုံး ၄ နေရာမဝင်ရင် အဲဒါက ထုတ်ပစ်လို့ရနိုင်တဲ့ လုပ်ရပ်ပဲလို့ ပြောခဲ့ကြတယ်။ အဲဒီလိုအခြေအနေတွေကနေ ခုရာသီကို ပြန်ကြည့်ရင် သူ လုပ်ခဲ့သမျှ ဆုံးဖြတ်ချက်တွေက မှန်ကန်တဲ့အရာတွေဆိုတာ သက်သေပြသနိုင်ခဲ့ပြီး အိုဇေးလ်၊ အူဘာမီယန်း၊ ဂွမ်ဒူဇီတို့ကို ထုတ်ပစ်ခဲ့တဲ့အချိန်တုန်းက မေးခွန်းထုတ်ခံခဲ့ရပေမယ့် သူ အဲဒါတွေအားလုံးကို ဖြေရှင်းခ့တယ်။ သူက လူငယ်ကစားသမားတွေအချို့အပေါ်မှာ ယုံကြည်မှုပေးခဲ့ပြီး ဘန် ဝှိုက်အတွက်တောင်မှ ပေါင်သန်း ၅၀ ပေးခေါ်ခဲ့တယ်။ လူတွေက ဒီကစားသမားခေါ်ယူမှုက ဘာလဲဆိုပြီး ဖြစ်ခဲ့ကြတယ်။ သူ အာဆင်နယ်မှာ လုပ်ခဲ့တာတွေက ထူးခြားဆန်းကြယ်ခဲ့တယ်။ သူ ဒီရာသီ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ဖလား ရမယ်ဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထက တစ်ဦး ဖြစ်လာလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Sky Sports သတင်းထောက် မိုက်ကယ် ဘရစ်ချ်ကလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားရရှိမယ့် လမ်းကြောင်းအပေါ်မှာ ရှိနေတဲ့အတိုင်း ကစားနေတယ်လို့ ပြောဆိုခဲ့ပြီး ဒီရာသီအစကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသနေခဲ့တာက ကြောက်မက်ဖွယ်ကောင်းတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေ ရာသီအစကနေ ဘယ်လောက်ကောင်းမွန်နေခဲ့လဲဆိုတာကို ကြည့်ရင် အဲဒါက တကယ်ကို ကြောက်စရာကောင်းပါတယ်။ သူတို့တွေက အဲဒီအတိုင်း ဆက်ကစားနေတယ်။ သူတို့တွေ ပရီးမီးယားလိဂ်ဖလား ရရှိသွားတော့မယ်လို့ ကျွန်တော် ထင်တယ်။ ဘုန်းမောက်နဲ့ပွဲမှာ ၉၇ မိနစ်မှာ နောက်ကျသွင်းဂိုးသွင်းယူခဲ့တာလိုမျိုး၊ ကာစီမီရို သူတို့နဲ့ပွဲစဉ်အတွက် ပွဲပယ်ခံခဲ့ရတာမျို၊ ပယ်လ်ဟင်ညာက တနင်္ဂနွေနေ့ပွဲမှာ ပယ်ခံရတာ၊ ဝီလီယံက ဒဏ်ရာရနေတာမျိုး သေးငယ်တဲ့အရာတွေကတောင် သူတို့အတွက် အချိန်ကိုက်ဖြစ်လာတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူတို့တွေ ကောင်းကောင်း ကစားနေတယ်။ သူတို့တွေက ခြေစွမ်းတည်ငြိမ်နေတယ်။ သူတို့တွေ ၉၇ မိနစ်အထိ ကစားနေရတယ်။ ဗီလာနဲ့ပွဲတုန်းက မာတီနက်ဇ် ကိုယ့်ဂိုးကိုယ်သွင်းမိတာလိုမျိုး။ လိဂ်ဖလားကို အနိုင်ရရှိဖို့က အရာအားလုံးက ခင်ဗျားအတွက် အဆင်ပြေပြေဖြစ်လာရမှာဖြစ်ပြီး သူတို့တွေ အဲဒီလိုဖြစ်နေတယ်။ သူတို့က လိဂ်ဖလားကို ရရှိမယ့် လမ်းကြောင်းပေါ်မှာ ကစားနေသလိုမျိုးပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္တ္က မီေခးလ္ အာတီတာဟာ အာဆင္နယ္နည္းျပအျဖစ္နဲ႔ အမ္းမရိတ္စ္မွာ ထူးျခားေကာင္းမြန္တဲ့အလုပ္ေတြကို လုပ္ေဆာင္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကို ရရွိမယ္ဆိုရင္ ကမာၻေပၚက အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္လာ လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အမ္းမရိတ္စ္မွာ ရွိေနခဲ့တဲ့ကာလအတြင္း အာတီတာ လုပ္ေဆာင္ခဲ့တာေတြကို ျပန္ေတြးမယ္ဆိုရင္ ထူးျခားၿပီး စပိန္လူမ်ိဳးနည္းျပဟာ အမ္မရီ ေခတ္လြန္ အင္အားခ်ိနဲ႔ေနတဲ့အသင္းကို ဆက္ခံခဲ့ရတာ ျဖစ္ပါတယ္။ မန္စီးတီးလက္ေထာက္နည္းျပေဟာင္းဟာ ဂန္းနားေတြကို အက္ဖ္ေအဖလား ေအာင္ျမင္မႈရရွိေအာင္ ေရာက္ေရာက္ခ်င္းပဲ အစြမ္းျပခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းကတည္းက အေျခအေနေတြက ေတာ္ေတာ္ေလးေနာက္ျပန္ဆြဲသြားခဲ့ပုံေပၚတာေၾကာင့္ အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြက လူငယ္နည္းျပနဲ႔ တသားတည္းရွိေနမွာမဟုတ္ဘူးလို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဘုတ္အဖြဲ႕ဟာ အာတီတာဟာ အသင္းကို ဦးေဆာင္ႏိုင္မယ့္ လူမွန္ျဖစ္တယ္လို႔ အေလးအနက္ ယုံၾကည္ခဲ့ၾကတာေၾကာင့္ အားေပးေထာက္ခံမႈေတြ ျပဳလုပ္ခဲ့ၿပီး အဲဒီယုံၾကည္မႈက ဒီရာသီမွာ ျပန္လည္အက်ိဳးခံစားေနရၿပီျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အလွည့္အေျပာင္းေတြ စတင္ ျပဳလုပ္ျပခဲ့ေပမယ့္လည္း ရာသီကုန္ခါနီးမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ကပ္လြဲခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီရာသီမွာ လုပ္ေနတာေတြကိုေတာ့ ဘယ္သူကမွ ေမွ်ာ္မွန္းထားခဲ့မွာမဟုတ္ဘဲ အာဆင္နယ္ဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ဖလားကို ၁၉ ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္ ကိုင္ေျမႇာက္ႏိုင္ဖို႔ အနီးစပ္ဆုံးအေနအထားမွာ ရွိေနၿပီျဖစ္ၿပီး အာတီတာဟာ ဂန္းနားေတြနဲ႔ သမိုင္းသစ္ေရးထိုးႏိုင္ဖို႔ အေကာင္းဆုံးအေနအထားမွာရွိေနတာျဖစ္ပါတယ္။

အာတီတာဟာ ပရီးမီးယားလိဂ္ဖလားကို ပထမဆုံး စတင္ကိုင္တြယ္တဲ့အသင္းနဲ႔ ရယူႏိုင္တဲ့ ပထမဆုံးနည္းျပ ျဖစ္လာမယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနတာျဖစ္ၿပီး စပါးစ္ၾကယ္ပြင့္ေဟာင္း ဒါရင္း ဘန႔္တ္က အဲဒီလိုသာျဖစ္ခဲ့ရင္ စပိန္လူမ်ိဳးနည္းျပက ကမာၻေပၚကအေကာင္းဆုံးနည္းျပျဖစ္လာမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူက ကမာၻေပၚက အေကာင္းဆုံးနည္းျပလို႔ ကြၽန္ေတာ္ မထင္ဘူး။ ဒါေပမယ့္ သူ ဒီရာသီလုပ္ေနတာကိုက ထူးျခားပါတယ္။ ခင္ဗ်ား ၿပီးခဲ့တဲ့ရာသီအစကို ျပန္ၾကည့္လိုက္ရင္ ၃ ပြဲဆက္ ရႈံးနိမ့္ၿပီးေနာက္ ဇယားေအာက္ေျခကို သူတို႔ေရာက္သြားခဲ့ၿပီး ပီးယာ့စ္ ေမာ္ဂန္အပါအဝင္ အားလုံးက အာတီတာက လူမွန္မဟုတ္ဘူး။ သူက ဒီစီမံကိန္းမွာ ယုံၾကည္ရတဲ့သူမဟုတ္ဘူး။ အူဘာမီယန္းလို ထိပ္တန္းဂိုးသြင္းရွင္ကို ထုတ္ပစ္တယ္။ အာဆင္နယ္သာ ထိပ္ဆုံး ၄ ေနရာမဝင္ရင္ အဲဒါက ထုတ္ပစ္လို႔ရႏိုင္တဲ့ လုပ္ရပ္ပဲလို႔ ေျပာခဲ့ၾကတယ္။ အဲဒီလိုအေျခအေနေတြကေန ခုရာသီကို ျပန္ၾကည့္ရင္ သူ လုပ္ခဲ့သမွ် ဆုံးျဖတ္ခ်က္ေတြက မွန္ကန္တဲ့အရာေတြဆိုတာ သက္ေသျပသႏိုင္ခဲ့ၿပီး အိုေဇးလ္၊ အူဘာမီယန္း၊ ဂြမ္ဒူဇီတို႔ကို ထုတ္ပစ္ခဲ့တဲ့အခ်ိန္တုန္းက ေမးခြန္းထုတ္ခံခဲ့ရေပမယ့္ သူ အဲဒါေတြအားလုံးကို ေျဖရွင္းခ့တယ္။ သူက လူငယ္ကစားသမားေတြအခ်ိဳ႕အေပၚမွာ ယုံၾကည္မႈေပးခဲ့ၿပီး ဘန္ ဝႈိက္အတြက္ေတာင္မွ ေပါင္သန္း ၅၀ ေပးေခၚခဲ့တယ္။ လူေတြက ဒီကစားသမားေခၚယူမႈက ဘာလဲဆိုၿပီး ျဖစ္ခဲ့ၾကတယ္။ သူ အာဆင္နယ္မွာ လုပ္ခဲ့တာေတြက ထူးျခားဆန္းၾကယ္ခဲ့တယ္။ သူ ဒီရာသီ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ဖလား ရမယ္ဆိုရင္ ကမာၻေပၚက အေကာင္းဆုံးနည္းျပေတြထက တစ္ဦး ျဖစ္လာလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Sky Sports သတင္းေထာက္ မိုက္ကယ္ ဘရစ္ခ်္ကလည္း အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဖလားရရွိမယ့္ လမ္းေၾကာင္းအေပၚမွာ ရွိေနတဲ့အတိုင္း ကစားေနတယ္လို႔ ေျပာဆိုခဲ့ၿပီး ဒီရာသီအစကတည္းက အထင္ႀကီးဖြယ္ေျခစြမ္းျပသေနခဲ့တာက ေၾကာက္မက္ဖြယ္ေကာင္းတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူတို႔ေတြ ရာသီအစကေန ဘယ္ေလာက္ေကာင္းမြန္ေနခဲ့လဲဆိုတာကို ၾကည့္ရင္ အဲဒါက တကယ္ကို ေၾကာက္စရာေကာင္းပါတယ္။ သူတို႔ေတြက အဲဒီအတိုင္း ဆက္ကစားေနတယ္။ သူတို႔ေတြ ပရီးမီးယားလိဂ္ဖလား ရရွိသြားေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘုန္းေမာက္နဲ႔ပြဲမွာ ၉၇ မိနစ္မွာ ေနာက္က်သြင္းဂိုးသြင္းယူခဲ့တာလိုမ်ိဳး၊ ကာစီမီ႐ို သူတို႔နဲ႔ပြဲစဥ္အတြက္ ပြဲပယ္ခံခဲ့ရတာမ်ိဳ၊ ပယ္လ္ဟင္ညာက တနဂၤေႏြေန႔ပြဲမွာ ပယ္ခံရတာ၊ ဝီလီယံက ဒဏ္ရာရေနတာမ်ိဳး ေသးငယ္တဲ့အရာေတြကေတာင္ သူတို႔အတြက္ အခ်ိန္ကိုက္ျဖစ္လာတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာ သူတို႔ေတြ ေကာင္းေကာင္း ကစားေနတယ္။ သူတို႔ေတြက ေျခစြမ္းတည္ၿငိမ္ေနတယ္။ သူတို႔ေတြ ၉၇ မိနစ္အထိ ကစားေနရတယ္။ ဗီလာနဲ႔ပြဲတုန္းက မာတီနက္ဇ္ ကိုယ့္ဂိုးကိုယ္သြင္းမိတာလိုမ်ိဳး။ လိဂ္ဖလားကို အႏိုင္ရရွိဖို႔က အရာအားလုံးက ခင္ဗ်ားအတြက္ အဆင္ေျပေျပျဖစ္လာရမွာျဖစ္ၿပီး သူတို႔ေတြ အဲဒီလိုျဖစ္ေနတယ္။ သူတို႔က လိဂ္ဖလားကို ရရွိမယ့္ လမ္းေၾကာင္းေပၚမွာ ကစားေနသလိုမ်ိဳးပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet